Wednesday, December 24, 2014

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော် ကျွန်းစုမြို့နယ် လယ်တောပိုင်း ကျေးရွာ အုပ်စုများရှိ ပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော် ကျွန်းစုမြို့နယ် လယ်တောပိုင်း ကျေးရွာ အုပ်စုများရှိ  ပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်
တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်သည် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ဖြစ်သည့် စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးသိန်းလွင်၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးတင်စိုး၊ ကျွန်းစုမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျားမောင်၊ ပုလောမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှ၊ ကျွန်းစုမြို့နယ်မှ ဌာနဆိုင်ရာများနှင့် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ကျွန်းစုမြို့နယ် ကျွဲခရံ ကျေးရွာ အုပ်စု သဇင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဇင်၊ ကျွဲခရံ၊ တောနောက်လယ်၊ ပဲ့တိုင်၊ ပန်းဇင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၃၀၀ ကျော်ခန့်ဖြင့် လည်းကောင်း၊ နေ့လည်ပိုင်းတွင် မောင်းလှော်သို့ သွားရောက်ပြီး မောင်းလှော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မောင်းလှော်၊ အညှင်း၊ ညောင်ဘီး၊ မင်းဂုတ်၊ ဇေးကမိ၊ ပြင်ဝန်း၊ ၀ါရစ်၊ ကျေးရွာများမှ ဒေသခံ ပြည်သူလူထု (၃၀၀)ကျော်ဖြင့် လည်းကောင်း  တွေ့ဆုံဆွေးနွေးသည်။ 



 တွေ့ဆုံပွဲများတွင် တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်က တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် အနေဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ များ၊ ကျွန်းစုမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရအဖွဲ့နှင့် လွှတ်တော်မှ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။ 


ထိုနောက် တွေ့ဆုံပွဲ တက်ရောက်လာသည့် ကျေးရွာ အထောက်အကူပြု အဖွဲ့များနှင့် ပြည်သူများမှ တင်ပြလာသည့် စာသင်ကျောင်းများ ပြုပြင်ရေး၊ စာကြည့်တိုက်များ ဆောက်လုပ်ရေး၊ လမ်း တံတား များ ကောင်းမွန်ရေး၊ သောက်သုံးရေ ရရှိရေး၊ ဆိုလာမီးများ တပ်ဆင်ရေး ၊ လယ်ယာမြေ ကိစ္စများနှင့် ပတ်သက်၍ တိုင်းဒေသကြီး ၀န်ကြီးများနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာ များမှ ပြန်လည် ရှင်းလင်းခဲ့ပြီး တင်ပြချက်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရက ဆောင် ရွက်ပေးနိုင်သည့် ကိစ္စကို ချက်ချင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် အထက် အဆင့် ဆင့်က ဆောင်ရွက်ပေး ရမည် လုပ်ငန်းများအား တင်ပြ ဆောင်ရွက်ပေး မည် ဖြစ်ကြောင်း ဆွေးနွေး ခဲ့သည်။

0 comments: