Tuesday, September 1, 2015

တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ ပြည်သူ အကျိုးပြု လုပ်ငန်းများဆောင်ရွက်

တနင်္သာရီရေတပ်စခန်း ဌာနချုပ်မှ ပြည်သူ အကျိုးပြု လုပ်ငန်းများဆောင်ရွက်

တနင်္သာရီရေတပ် စခန်း ဌာနချုပ် အမှတ် ၅၆ စစ်ရေယာဉ်စုမှ အရာရှိ စစ်သည် ၃၀ ကျော်တို့သည် ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၉ နှင့် ၃၀ ရက်နေ့များ၌ မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်းရှိ ကမ်းကြီး ပြင်ထပ်အော် သင်္ကန်းအော် မော်တုံးကြီး သဲအော် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း ဆောင်ရွက် ခဲ့သည်။

ထိုနောက် အဆိုပါ ကျေးရွာများရှိ စာသင်ကျောင်း များမှ ဆရာ ဆရာမ များနှင့် တွေ့ဆုံပြီး ကျောင်းသုံး ဗလာစာအုပ်များ ခဲတံများ ဘောပင်များ လှူဒါန်းခြင်း ကျောင်းဝင်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်း စသည့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။








0 comments: