Tuesday, September 8, 2015

တက္ကသိုလ်ဝင်စာပေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသူ/သားများအား ဂုဏ်ပြုချီးမြှင့်

တက္ကသိုလ်ဝင်စာပေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်
ကျောင်းသူ/သားများအား ဂုဏ်ပြုချီးမြှင့်

တနင်္သာရီ - စက်တင်ဘာ(၇)ရက်

 တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီမှကြီးမှူး၍ ၂၀၁၄-၂၀၁၅ ပညာ သင်နှစ် တက္ကသိုလ်ဝင်စာပေးပွဲ၌ တနင်္သာရီမြို့နယ်အတွင်းရှိစာစစ်ဌာနသုံးခုတို့မှ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းတွင်းနှင့်ပြင်ပဖြေ ကျောင်းသူ/သား(၇၉)ဦးတို့အား  စက်တင်ဘာလ(၇)ရက် နံနက်(၀၉း၀၀) နာရီ အချိန်က တနင်္သာရီခန်းမအတွင်း ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို အထက-တနင်္သာရီကျောင်းသူ/သားများမှ လောက မီးအိမ် တေးသီချင်း သီဆိုလျက် စတင်ဖွင့်လှစ်ခဲ့သည်။




 အခမ်းအနားသို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးယုံဘီး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမြင့်
မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ  ဥက္ကဌများ၊
မြို့နယ်ပညာရေးမှူးနှင့် အထက်တန်း၊အလယ်တန်း ကျောင်းအုပ်ကြီးများ၊ဌာနဆိုင်ရာဦးစီးမှူးများ၊ လူမှုရေးအသင်းအဖွဲ့     အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများ၊ ထူးချွန်ကျောင်းသူ/သားများ  စုစုပေါင်း(၃၃၀)ဦးခန့် တက်ရောက်ကြသည်။

 ထို့နောက်  မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ မှအောင်ချက်မြှင့်မားရေးအတွက် ကျောင်းအုပ်ကြီး အပါအ၀င် ဆရာ/ဆရာမများနှင့်  ကျောင်းသားမိဘများကလည်း ပူးပေါင်းဆောင် ရွက်ကြပါရန် တိုက်တွန်းအမှာစကားပြောကြားသည်။

  ဆက်လက်၍ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ်ပညာရေးမှူး ဦးတင်မောင်ကြည်က (၂၀၁၆)ခု၊ပညာသင်နှစ် ပညာရေးရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းဆွေးနွေးခဲ့သည်။

 ယင်းနောက် တနင်္သာရီမြို့နယ်အတွင်းရှိ  စာစစ်ဌာန(၃)ခုတို့မှ  (၂၀၁၄-၂၀၁၅)ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၄)ဘာသာဂုဏ်ထူးရှင်(တစ်)ဦး၊ (၃)ဘာသာ(နှစ်)ဦး၊ (၂)ဘာသာ(၁၁)ဦး နှင့်(တစ်)ဘာသာ ဂုဏ်ထူးရှင်(၆၅)ဦး၊ စုစုပေါင်း ဂုဏ်ထူးရ(၇၉)ဦးတို့အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးယုံဘီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်၊ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဌ ၊ အတွင်းရေးမှူးနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌများက ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို တစ်ဦးချင်းစီထံချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း ၊ ဆက်လက်၍ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကျော်သူက မြို့နယ်အတွင်းစာစစ်ဌာန ကျောင်းအုပ်ကြီးများကိုလည်း အဆင့်လိုက်ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

0 comments: