Saturday, September 5, 2015

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ်များ ဖလား ဘော်လုံးပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ်များ ဖလား ဘော်လုံးပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ
*******************************
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်မြောက်၊မြိတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဖလား အသက်၂၅နှစ် အောက်၊ ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံဘော် လုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို စက်တင်ဘာလ(၄)ရက် နေ့ညနေ၃းဝဝ အချိန်တွင်မြိတ်မြို့မ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကို တနင်္သာရီ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မောင်မောင်စိုး၊ မြိတ်မြို့နယ်ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဝဏ္ဏကျော်ထင် ဦးဌေးမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးမိုးမြင့်နှင့် ဦးတင်ရှန်၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန် ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ကြက်ခြေနီ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊အခြားဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘောလုံးပွဲကြည့် ပရိတ်သတ်များ (၁၀၀၀)ခန့်တက်ရောက်ကြ ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက အဖွင့်အမှာ စကား ပြောကြားသည်။

ထို့နောက် မြိတ်မြို့ နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဝဏ္ဏကျော်ထင် ဦးဌေးမြင့်က လွှတ်တော်ကိုယ်စားလှယ်များဖလား ဘောလုံးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပါဝင်ယှဉ်ပြိုင် ကစားကြမည့် ပြိုင်ပွဲဝင် ရပ်ကွက်နှင့်ကျေးရွာ ဘောလုံး အသင်း၃၄သင်းတို့ကို ထောက်ပံ့ချီးမြှင့်ငွေကျပ် (၃) သိန်းစီကို မြိတ်မြို့နယ်ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဦးဌေးမြင့် က သက်ဆိုင်ရာ ရပ်/ကျေးဘောလုံး အသင်း နည်းပြများနှင့် အသင်းအုပ်ချုပ် သူများ ထံပေးအပ် ချီးမြှင့်ခဲ့သည်။

ယင်းနောက်ကွင်းအတွင်းနေရာယူရောက်ရှိ နေသည့်ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားသမား များအားဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းမှူး ဗိုလ်မှူးချုပ်
မောင်မောင်စိုးနှင့်အတူပြည်သူ့လွှတ်တော်၊အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များကတစ်ဦးချင်းစီ ရင်းရင်းနှီးနှီး နုတ်ဆက် အားပေးစကားပြောကြားခဲ့ကြကာ ဖွင့်ပွဲတွင် ယှဉ်ပြိုင်က စားကြသည့် မြစ်ငယ်ရပ်ကွက်ဘောလုံး အသင်းနှင့်ရေပုန်းရပ်ကွက်ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားမှု ကိုကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို ၁၉.၈.၂၀၁၅ရက်နေ့မှ စတင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ၂၅.၁၀.၂၀၁၅ရက်နေ့ အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါဘောလုံးပြိုင်တွင် ပထမဆုရှိသောအသင်းအားးပြည်ခိုင်ဖြိုးပါတီမြိတ်မြိုနယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်ဦးဆောင်သည့် ယုဇနမိသားစုဖောင်ဒေရှင်းမှ ငွေကျပ် ၃၀ သိန်းနှင့်မြိတ်အများ ပိုင်ကုမ္ပဏီနှင့်မြိတ်ရေလုပ်ငန်းရှင် များမှ ငွေကျပ်သိန်း ၃၀ စုစု ပေါ င်း ပထမဆုငွေကျပ် သိန်း ၆၀ ကျပ်ကို လည်းကောင်း၊ဒုတိယဆု ရရှိသော ဘောလုံးအသင်းကို ယုဇနမိသားစု ဖောင်ဒေးရှင်း မှ ဆုငွေ ကျပ်သိန်း၂၀နှင့်မြိတ်အများ ပိုင်ကုမ္ပဏီ နှင့်ရေလုပ်ငန်းရှင်များက ငွေကျပ်သိန်း၂၀စုစုပေါင်း ဒုတိယဆုငွေ ကျပ်သိန်း၄၀ကျပ်ကိုလည်းကောင်း၊တတိယရရှိသော အသင်းကို ယုဇနမိသားစုဖောင်ဒေးရှင်းစုမှ ငွေကျပ် ၁၀သိန်း နှင့်မြိတ်အများပိုင်ကုမ္ပဏီနှင့် ရေလုပ်ငန်းရှင်များ အသင်းက ငွေကျပ်၁၀သိန်း စုစု ပေါင်း တတိယဆု ငွေကျပ်၂၀ သိန်း ကိုလည်းကောင်း ဆုငွေများ ပေးအပ်ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင်အုပ်စု အဆင့်တက် ရောက်နိုင်သည့် ဘောလုံးအသင်းများ အနေဖြင့် အုပ်စုပထမ၊ အုပ်စု ဒုတိယ၊ အုပ်စု တတိယ အဆင့် အလိုက် ယှဉ်ပြိုင်တက်ရောက် နိုင်သည့်ဘောလုံးအသင်း များကို လည်းဆု ငွေများချီး မြှင့်ပေးအပ် သွားမည်ဖြစ်ရာ အုပ်စုပထမ အသင်း အတွက်ဆုငွေ ကျပ်၁၆သိန်း၊ အုပ်စု ဒုတိယအဆင့်တက် ရောက်နိုင်မည့်အသင်း အတွက် ဆုငွေကျပ် ၁၂သိန်းကျပ်နှင့် အုပ်စု တတိယ အဆင့် တက်ရောက်သည့်ဘောလုံးအသင်းကိုဆု ငွေကျပ် ၈သိန်းကျပ် စီတို့ကို ယုဇနမိသားစု ဖောင်ဒေးရှင်း နှင့်မြိတ်အများ ပိုင်ကုမ္ပဏီနှင့် ရေလုပ်ငန်းရှင်များ အသင်းတို့ကပါဝင်ပူးပေါင်း၍ဆုငွေများကိုအသီး သီးပေးအပ် ချီးမြှင့် ပေး အပ်သွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။

0 comments: