Friday, September 4, 2015

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းစွာ ကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီအား မြိတ်မြို့တွင် ဖွဲ့စည်းပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အတူ အထူးရဲများ ခန့်အပ်ကာ ဆောင်ရွက်ရန် စီမံထားရှိ

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းစွာ ကျင်းပနိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီအား မြိတ်မြို့တွင် ဖွဲ့စည်းပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အတူ အထူးရဲများ ခန့်အပ်ကာ ဆောင်ရွက်ရန် စီမံထားရှိ
-------------------------------------------------------------------------------
၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေး အတွက် မြိတ်မြို့နယ် အတွင်း ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီအား မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ အဖြစ် ဦးဆောင်၍ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးမှ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ကာ အဖွဲ့ဝင် စုစုပေါင်း (၁၉) ဦး ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

အဆိုပါ ကော်မတီသည် ရွေးကောက်ပွဲ အကြိုကာလအတွင်း မြိတ်မြို့နယ် အတွင်း လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေး လုပ်ငန်းများ၊ ရွေးကောက်ပွဲ ကျင်းပစဉ် မလိုလားအပ်သော ပြသနာများ မဖြစ်ပွားစေရေး၊ ပြည်သူများ အေးချမ်းစွာ မဲပေးနိုင်ရေး စသည့် လုပ်ငန်းများကို ကြီးကြပ် ကွပ်ကဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

လုံခြုံရေး စီမံခန့်ခွဲမှု ကော်မတီအား အထောက်အကူ ပြုနိုင်ရေး အတွက်  မြိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင် များနှင့် အတူ ဆောင်ရွက်မည့် အထူးရဲ တပ်ဖွဲ့ဝင်များအား ရွေးချယ် ထားပြီး ဖြစ်ကာ အထူးရဲတပ်ဖွဲ့ဝင်များမှာ အသက် (၁၈) နှစ်မှ (၆၀)နှစ် အတွင်း ပညာအရည်အချင်း အနိမ့်ဆုံး အလယ်တန်း အဆင့်ရှိသူ ကျန်းမာရေး ကောင်းမွန်ပြီး ပါတီနိုင်ငံရေး ကင်းရှင်းသူ စုစုပေါင်း (၂၂၀) ဦးအား စုဆောင်းရရှိပြီး ဖြစ်ကြောင်း မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တဆင့် သိရသည်။

အထူးရဲ တပ်ဖွဲ့ဝင်များအား ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် လေ့ကျင့်မှုများ ဆောင်ရွက်ပေးရန် စီစဉ် ထားပြီး ဖြစ်ကြောင်း သိရပြီး ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ နေ့များ၌ မဲရုံး အသီးသီးတွင် အနီးကပ် လုံခြုံရေး ဆောင်ရွက်ခြင်း၊ နယ်မြေ ရဲစခန်း၊ ရဲကင်း၊ ရဲစခန်းများနှင့် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဆောင်ရွက်ခြင်း၊ မလိုလားအပ်သော ပြသနာများ မဖြစ်ပေါ်စေရေး ဆောင်ရွက်ခြင်းတို့ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရှိသည်။


0 comments: