Saturday, September 5, 2015

တိုင်းဒေသကြီးမဂ္ဂဇင်းကော်မတီမှ ကလောင်ရှင်များအား ဂုဏ်ပြုတွေ့ဆုံခြင်း

တိုင်းဒေသကြီးမဂ္ဂဇင်းကော်မတီမှ ကလောင်ရှင်များအား
ဂုဏ်ပြုတွေ့ဆုံခြင်း

တနင်္သာရီ - စက်တင်ဘာ(၄)ရက်

 တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို ၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးမဂ္ဂဇင်းကော်မတီမှ ကြီးမှူးထုတ်ဝေခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး မဂ္ဂဇင်းအမှတ်(၁/၂၀၁၅)၌ ရွေးချယ်ဖော်ပြခံရသော တနင်္သာရီမြို့နယ် ကလောင်ရှင်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းနှင့် စာရေးဆရာအသင်းဝင်များ၊ စာပေ၀ါသနာရှင်များနှင့်စာပေအဆင့်ပိုမိုမြင့်မားတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ(၄)ရက် နံနက်(၀၈း၁၅)အချိန် တနင်္သာရီမြို့ ချောင်းကြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးခန်းအတွင်း ကျင်းပခဲ့သည်။





 ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဌ တက္ကသိုလ်သန်းစိုးဝင်း မှ မိတ်ဆက်အမှာ စကားပြောကြားပြီး၊ တိုင်းဒေသကြီးမဂ္ဂဇင်းကော်မတီ ဒု-ဥက္ကဌ(၁) ကြံတောဖိုးခွေး(မြိတ်ရွှေစင်)နှင့် အတွင်းရေးမှူး ဦးစိုးရီ(စိုးရီ-မြိတ်)တို့က စာပေအဆင့်အတန်းပိုမိုမြင့်မားရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

 ထိုနောက် တိုင်းဒေသကြီးမဂ္ဂဇင်းကော်မတီကိုယ်စား ဒု-ဥက္ကဌ(၁)ကြံတောဖိုးခွေး(မြိတ်ရွှေစင်)မှ ကလောင်
ရှင်များနှင့် စာပေ၀ါသနာရှင်များသို့ တနင်္သာရီ တိုင်းဒေသကြီး မဂ္ဂဇင်းအမှတ် ၁/(၂၀၁၅) မဂ္ဂဇင်းစာအုပ် တစ်အုပ်စီကို
ဂုဏ်ပြုလက်ဆောင် အဖြစ်ပေးအပ်ခဲ့ပြီးနောက် စာရေးဆရာဦးစိုးရီ(နောင်စိုးရီ)မှ ကျေးဇူး စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

0 comments: