Saturday, September 5, 2015

မြိတ်မြို့နယ် ရဲတပ်ဖွဲ့ နယ်မြေ ဒေသလုံခြုံရေး ဆောင်ရွက်

မြိတ်မြို့နယ် ရဲတပ်ဖွဲ့ နယ်မြေ ဒေသလုံခြုံရေး
ဆောင်ရွက်
******•••••••••••••••**********••••••••
မြိတ်မြို့တွင်း အေးချမ်းသာယာရေးနှင့်နယ်မြေဒေသ အေးချမ်း လုံခြုံမှုရှိစေရန် အတွက် မြိတ်မြို့ မြို့မရဲစခန်းမှူး ဒု-ရဲမှူးနေလင်း ဦးစီးသော ရဲ တပ်ဖွဲ့ ဝင်များသည် စက်တင်ဘာလ (၄)ရက်နေ့ ည ၉းဝဝခန့်အချိန်တွင် သက်ဆိုင်ရာ ဒေသအရံမီး သတ်တပ် ဖွဲ့ဝင်များ နှင့် ပူးပေါင်း ကာ မြိတ်မြို့တွင်းရှိ ဒုစရိုက်မှု လျော့နည်းကျဆင်းရေး၊လက်နက်ပုန်း များ နှင့်မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သယ်ဆောင်ဖြန့်ဖြူးနိုင်သည့် အဓိက အချက်အချာ အဖြစ်ယူဆနိုင်သည့်ပြည်သူများ သွားလာရာ အဓိကလမ်းဆုံ လမ်းဂွ များတွင် အများပြည်သူ များဘေးကင်းလုံခြုံစိတ်ချမှု အပြည့်အဝဖြင့် သွားလာနိုင်စေရန်အတွက် ခရီးသွား မော်တော်ယာဉ်များ နှင့် ဆိုင်ကယ်များ အား ရှောင်တခင် ပိတ်ဆို့ရှာဖွေ စစ်ဆေး ခြင်းတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။




0 comments: