Monday, September 7, 2015
မြန်မာ- ထိုင်းနှစ်နိုင်ငံဖြတ်သန်း စက်ဘီးစီးပွဲတော် မော့တောင် နယ်စပ်ဂိတ်တွင်ကျင်းပ
မြန်မာ-ထိုင်းနှစ်နိုင်ငံဖြတ်သန်း စက်ဘီးစီးပွဲတော် မော့တောင်     နယ်စပ်ဂိတ်တွင်ကျင်းပ
တနင်္သာရီ - စက်တင်ဘာ(၆)ရက်
 မြန်မာ-ထိုင်းနှစ်နိုင်ငံဖြတ်သန်း စက်ဘီးစီးပွဲတော်ကို  တနင်္သာရီတိုင်းဒေသကြီး၊  တနင်္သာရီမြို့နယ်  သိန်ခွန်းေ ကျးရွာအုပ်စု -မောတောင်နယ်စပ်ဂိတ် မုခ်ဦး (မြန်မာ) အရှေ့၌ ထိုင်းနိုင်ငံအတွင်းမှ နိုင်ငံသူ/နိုင်ငံသား စက်ဘီးစီးသမား ပေါင်း( ၁၈၃၆ )ဦးတို့အား စက်တင်ဘာလ(၆)ရက် နံနက်(၀၉း၄၅)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ မှ စတင် အတာလွတ်ပေးခဲ့ရာ  နှစ်နိုင်ငံ တက်ရောက်လာသူများက  မြန်မာ-ထိုင်းနိုင်ငံ အလံဝှေ့ရမ်းလျက် မီးရှူးမီးပန်းများပစ်ဖောက်ကြပြီး မော့တောင်အမှတ်(၃)နယ်မြေ မဃ်နံဝပ်ကုန်းမြေရှိ သရန္ဘူရန်ပြေမာန်ပြေ စေတီတော်မြတ်ကြီး အထိ တပျော်တပါးစီးနှင်းကြရာ ဒေသခံမိဘပြည်သူများက လက်ခုတ်တီးအားပေးခဲ့ကြသည်။
ထိုင်းနိုင်ငံ- ပရာကျွတ်ခရီခန်ခရိုင်ဝန် Mr Weera ဦးဆောင်သည့် အဆိုပါ စက်ဘီးစီးနှင်းသူ(၁၈၃၆)ဦးအား   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့်ဌာနဆိုင်ရာများ၊ ပြည်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီလီမီတက် မန်နေဂျာ ဗိုလ်ကြီးကျော်နိုင်(ငြိမ်း)နှင့်ဝန်ထမ်းများ၊ဒေသခံမိဘပြည်သူများက မော့တောင်နယ်စပ်ဂိတ်(မြန်မာ) မုခ်ဦးအရှေ့တွင် ရင်းနှီးပျူငှါစွာ ကြိုဆိုခဲ့ကြသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံပိုမိုချစ်ကြည်ရင်းနှီးမှုတိုးစေရန်၊ နှစ်နိုင်ငံခရီးသွားလာရေးအဓိကမြှင့်တင်ရန်နှင့် နယ်စပ်စင်ခွန်း  ဂိတ်အားအများပြည်သူပိုမိုသိရှိစေရန် ရည်ရွယ်၍  ထိုင်းနိုင်ငံတစ်နိုင်ငံလုံး အတွင်းမှစက်ဘီးစီးသမားပေါင်း(၂၀၀၈)ဦး
အနက် (၁၈၃၆)ဦးသည် ထိုင်းနိုင်ငံ၊ ပရာကျွတ်ခရီခန်ခရိုင်- ကမ်းခြေ မင်္ဂလာတံတားမှ(၃၁ကီလိုမီတာ) ကွာဝေးသည့် မော့တောင်ဒေသအမှတ်(၃)နယ်မြေ မဃ်နံဝပ်ဘုရားကုန်းတော်အထိ စီးနှင်းကြခြင်းဖြစ်ကြောင်းသိရှိရသည်။
 ထို့အပြင် စက်ဘီးစီးအဖွဲ့ဝင်များအား မော့တောင်အမှတ်(၃)ဒေသ ပြည်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီ (PPT)လီမီတက်မှ နံနက်စာအာဟာရများဖြင့်ဧည့်ခံကျွေးမွေးခဲ့ပြီး  ယင်းစက်ဘီးအဖွဲ့သည် နံနက်(၁၁း၃၀)အချိန်တွင်
ပြန်လည်စီးနှင်းထွက်ခွာခဲ့ကြကြောင်း သိရသည်။
0 comments: