Monday, November 10, 2014

ရေမျှော ဒုက္ခသည် (၆)ဦးအား ရွှေနီလာ ကုန်တင် သင်္ဘောမှ ကယ်တင် စောင့်ရှောက်ထား

ရေမျှော ဒုက္ခသည် (၆)ဦးအား ရွှေနီလာ ကုန်တင် သင်္ဘောမှ ကယ်တင် စောင့်ရှောက်ထား

ရန်ကုန်မြို့မှ မြိတ်မြို့သို့ ပဲ့နင်း ဦးမြင့်သိန်း မောင်းနှင်လာသည့် ရွှေနီလာ ကုန်တင် သင်္ဘောသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် (၉)နာရီကျော် အချိန်ခန့်တွင် ဒဂုံမီးပြ၏ အရှေ့တောင်ဘက် မိုင် (၂၀) ခန့် အရောက်တွင် လွန်ခဲ့သော (၄) ရက်ခန့်က ရာသီဥတု ဆိုးဝါးပီး ဖောင်ပျက်၍ ရေထဲမျှော ပါနေသော ရေလုပ်သား (၆)ဦးအား တွေ့ရှိ ကယ်တင်ပြီးနောက် မြိတ်မြို့သို့ နိုဝင်ဘာ (၁၀) ရက်နေ့ နံနက် (၁၁)နာရီကျော် အချိန် ကျောက်ဖျာမြို့သစ်ရှိ ဦးစောဂျက် တံတားသို့ ရောက်ရှိ လာကြောင်း သိရသည်။

အဆိုပါ ရေမျှော ဒုက္ခသည် ရေလုပ်သား များမှာ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တွင် နေထိုင်သူ ဦးကြည်လွင် (၄၅)နှစ်၊ (၁၈) ရပ်ကွက် ၊ ဦးဇော်မင်းလတ် (၃၁)နှစ်၊ (၁၈) ရပ်ကွက်၊ ဦးသိန်းမြင့် (၅၅)နှစ်၊ (၁၈) ရပ်ကွက်၊ ဦးဝင်းထက် (၃၁)နှစ်၊ ဖိုးစံရွာ၊ ဦးကျော်မင်းထွန်း (၂၇)နှစ်၊ မြို့ကုန်းရွာ၊ ဦးမြင့်ရွှေ (၅၂)နှစ်၊ မြို့ကုန်းရွာ တို့ ဖြစ်ပြီး ၄င်းတို့အား ရွှေနီလာ သင်္ဘောမှ ကျွေးမွေး စောင့်ရှောက်ထားပြီး ထိုသင်္ဘော ရန်ကုန်သို့ ပြန်လည် ထွက်ခွာသည့် အခါ ပြန်လည် ခေါ်ဆောင်ပြီး နေရပ် ပြန်ပို့ပေးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

0 comments: