Thursday, November 6, 2014

မြိတ် ပြည်ခိုင်ဖြိုးပါတီ တန်ဆောင်တိုင် မီးထွန်းပွဲတော် ကျင်းပ

မြိတ် ပြည်ခိုင်ဖြိုးပါတီ တန်ဆောင်တိုင် မီးထွန်းပွဲတော် ကျင်းပ
မြိတ် နိုဝင်ဘာ ၅ ရက်

မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၀ဏ္ဏကျော်ထင် ဦးဌေးမြင့်၏ ပံ့ပိုးကူညီမှုဖြင့် မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရပ်ကွက် လူငယ်များ ပူးပေါင်း ဆောင်ရွက် ပြုလုပ်သော တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို မြိတ်မြို့ ကန်ဖျားရပ် မြေနီလမ်း၊ မြိတ်တောင်ရပ်ကွက် အောင်ဆန်းလမ်းမကြီး၊ မြိတ်တောင် ကျေးရွာအုပ်စု အောင်မင်္ဂလာရပ်ကွက် သုခ လမ်း တို့တွင် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီ မှ စတင်၍ ကျင်းပပြုလုပ်ခဲ့သည်။



တန်ဆောင်တိုင် မီးထွန်းပွဲတော် ဖွင့်ပွဲကို အဆိုပါ မီးထွန်းပွဲတော် ကျင်းပသည့် နေရာ (၃) ခု စလုံးတွင် ပြုလုပ်ခဲ့ရာ မြိတ်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာ ကျော်ဆန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

 တန်ဆောင်တိုင် မီးထွန်းပွဲတော် ကျင်းပရာ၌ မြိတ်မြို့ ကန်ဖျားရပ် မြေနီလမ်းတွင် ပြုလုပ် ခဲ့သော မီးထွန်းပွဲတော်မှာ စတိတ်ရှိုးနှင့် အလှဖန်တီးရှင်များ ဖျော်ဖြေမှု ၊ နိဗ္ဗာန်ဈေးဖြင့် ကျွေးမွေး ဧည့်ခံမှုများကြောင့် အထူး စည်ကားခဲ့သည်။




အဆိုပါ မီးထွန်းပွဲတော်များကို တန်ဆောင်မုန်လပြည့်နေ့နှင့် လပြည့်ကျော် (၁)ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး စတိတ်ရှိုးနှင့် အလှဖန်တီးရှင်များ ဖျော်ဖြေမှု ၊ နိဗ္ဗာန်ဈေးဖြင့် ကျွေးမွေး ဧည့်ခံမှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments: