Saturday, November 29, 2014

မြိတ်မြို့ အဝေးပြေးကားဝင်း စားသောက်ဆိုင် မီးလောင်မှု ထပ်မံ ဖြစ်ပွားပြန်ပီ



မြိတ်မြို့ အဝေးပြေးကားဝင်း စားသောက်ဆိုင် မီးလောင်မှု ထပ်မံ ဖြစ်ပွားပြန်ပီ
( မြိတ် နိုဝင်ဘာ ၂၈ ရက် )

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တောရကျောင်းရပ် အဝေးပြေးကားဝင်း ပထမလမ်း ဆိုင်ခန်းအမှတ်(၅၈)တွင် စားသောက် ဆိုင်ပိုင်ရှင်သည် ဆိုင်ပိတ်ပြီး မြို့တွင်းသို့ သွားရာစဉ် မီးပလပ်ခုံတွင် တယ်လီဖုန်း အားသွင်းစက် အပူလွန်ကဲ ရာမှ အနီးရှိ မွေ့ယာသို့ကူးစက်၍ မီးလောင် ကျွမ်းမှု နိုဝင်ဘာလ(၂၈) ရက် ည(၇း၁၀)နာရီက ဖြစ်ပွားခဲ့သည်။



 အဆိုပါ မီးလောင်မှုကြောင့် ထက်အိနြေ္ဒကျော် စားသောက်ဆိုင် ကြမ်းခင်း အလျား(၁၄)ပေ×အနံ (၂၀) ပေ၊ ဆိုင်အတွင်းရှိပစ္စည်းများ၊ ဆိုင်ခန်းအမှတ်(၅၇)နှင့်(၅၉) အမိုးအနည်းငယ် မီးဟတ်ခံရပြီး စုစုပေါင်းတန်ဖိုး (၆၃၇၅၀၀ိ)ကျပ် မီးလောင်ဆုံးရှုံးခဲ့သည်။


အဆိုပါ မီးလောင်မှုအား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးတို့ ကြီးကြပ်လျက် မီးငြိမ်းသတ် ရေယာဉ်(၁၀)စီး၊ ရေသယ်ယာဉ် (၆)စီး စုစုပေါင်း(၁၆)စီးဖြင့် သန္ဓေ+ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပြည်သူများမှ့် ငြိမ်းသတ်ခဲ့ကြရာ (၇း၂၀) နာရီတွင် မီးငြိမ်း သွားခဲ့သည်။

 

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး မီးကိုပေါ့ဆစွာ အသုံးပြုသူ ဦးကျော်ကျော်ဦးအား မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်းတွင် (ပ)(၇၃၃/၂၀၁၄)ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည် အောက်တိုဘာလ (၆)ရက်နေ့ကလည်း အဆိုပါ အဝေးပြေးကားဝင်း ပထမလမ်းတွင်  ဖွင့်လှစ် ထားသော `` ရွှေဖူးစာ ´´ ကာရာအိုကေနှင့် စားသောက်ဆိုင် အပေါ်ထပ်ရှိ အိပ်ခန်း အတွင်း ခြင်ဆေးခွေ ထွန်းညှိ ထားရာမှ သစ်သား ကြမ်းပြင်ကို မီးကူး စက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ကာလတန်ဖိုး (၈)သိန်း (၄)သောင်း ခန့် ဆုံးရှုံးခဲ့သည်။

0 comments: