Thursday, November 6, 2014

အသုံးလုံး သင်တန်း မြိတ်အကျဉ်းထောင်တွင် ဖွင့်လှစ်

အသုံးလုံး သင်တန်း မြိတ်အကျဉ်းထောင်တွင် ဖွင့်လှစ်
မြိတ် နိုဝင်ဘာ ၄ ရက်

မြိတ်အကျဉ်းထောင်တွင် အကျူဉ်းကျနေသော အကျဉ်းသားများ အနက် စာပေ လုံးဝ သင်ကြားခဲ့ရခြင်း မရှိသည့် အကျဉ်းသားများ အကျဉ်းထောင်မှ လွတ်မြောက်သည့် အခါ အခြေခံ စာပေ ပညာဖြင့် လူမှု ၀န်းကျင်တွင် စီးပွားရေး ၊ လူမှုရေး ကိစ္စ ရပ်များ ဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ အခြေခံ စာတတ်မြောက်ရေး၊ အသုံးလုံ သင်တန်း အမှတ်စဉ် (၈)ကို နိုဝင်ဘာ (၃) ရက် နံနက် (၉)နာရီက အဆိုပါ အကျဉ်းထောင် အဆောင် (၁)တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် မြိတ်အကျဉ်းထောင် တာဝန်ခံ ထောင်မှူး ဦးညွန့်ဝင်းတို့က ဆုံးမ သြ၀ါဒ စကား ပြောကြားခဲ့ကြပြီး တာဝန်ခံ ထောင်မှူးက သင်တန်း နည်းပြအား သင်ကြားမှု အထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် သင်ရိုးညွှန်းတမ်း၊ ဗလာစာအုပ်၊ စာရေးကိရိယာ များကို ထောက်ပံ့ ပေးအပ်ခဲ့သည်။ 

အဆိုပါ သင်တန်းတွင် အကျဉ်းသား ၂၀ အား နိုဝင်ဘာလ (၃) ရက်နေ့မှ ဇန်န၀ါရီလ (၃) ရက်နေ့ အထိ ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်သည်။ (MNA)

0 comments: