Tuesday, November 4, 2014

နှစ်ကျိပ်ရှစ်ဆူ ဘုရား ရုပ်ပွားတော်များ မြိတ်မြို့တွင်း ဒေသစာရီ ကြွချီ အပူဇော်ခံ

မြန်မာနိုင်ငံတွင် သက်တမ်း အရှည်ကြာဆုံး ဘုရားပွဲတော် အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး တနင်္သာရီတိုင်း အတွင်း ထင်ရှားကျော်ကြားပြီး စည်ကားသည့်  နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကြီးအား မြိတ်မြို့ ဗုဒ္ဓဘာသာ အသင်းကြီးမှ ကြီးမှူး၍ မြိတ်မြို့ ဘုရားငါးဆူကွင်း သာသနာ့ နယ်မြေ၌ အောက်တိုဘာလ  (၂၇) ရက်နေ့မှ (၂) ရက်နေ့ အထိ (၈၇) ကြိမ်မြောက် ကျင်းပခဲ့ပြီးနောက် ဘုရားငါးဆူကွင်း သာသနာ့ နယ်မြေ၌ ယာယီ သီတင်းသုံး ကိန်းဝပ် အပူဇော်ခံတော်မူသည့်  နှစ်ကျိပ် ရှစ်ဆူကုန်သော ဘုရားရှင်များသည် နိုဝင်ဘာလ (၃) ရက်နေ့ ည(၇) နာရီ အချိန်မှ စတင်၍  မြိတ်မြို့နယ် အတွင်း ညလုံးပေါက် ဒေသစာရီ လှည့်လည် အပူဇော်ခံကြွချီတော် မူသည်။


ဒသစာရီ လှည့်လည် အပူဇော်ခံနေစဉ် အတွင်း မြိတ်ခရိုင် အတွင်းရှိ မြို့နယ် အသီးသီးမှ ဗုဒ္ဓဘာသာဝင် များသည် ဘုရားရှင်များအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံသာ များ၊ ကပ်လှူခြင်း၊ ရပ်ကွက်အလိုက်၊ အသင်းအဖွဲ့များ အလိုက် စုပေါင်းပြီး အကျွေးအမွေးဖြင့် ဧည့်ခံခြင်းများ ပြုလုပ်ခဲ့ပြီး မြိတ်မြို့ တစ်မြို့လုံး တရား ဓမ္မသံများ၊ ဓမ္မတေးသံများ ဖုံးလွှမ်းနေကာ ဘုရားရှင်များ ကြွချီ အပူဇော်ခံရာ လမ်းတစ်လျှောက်တွင် လာရောက် ဖူးမျှော်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားခဲ့ကြောင်း သတင်းရရှိသည်။

0 comments: