Saturday, November 15, 2014

ကျွန်းစု့မြို့နယ် ရေပြင်အတွင်း မိုးကြိုးပစ်ခံရ၍ ၂ ဦးသေဆုံး

ကျွန်းစု့မြို့နယ် ရေပြင်အတွင်း မိုးကြိုးပစ်ခံရ၍ ၂ ဦးသေဆုံး
မြိတ် နိုဝင်ဘာ ၁၅

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီ အ ချိန်က မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပင်လယ်ပြင် အတွင်းရှိ ဂျာဘုတ်ကျွန်းအနီး၌ မိုးကြိုးပစ်၍ ပင်လယ်ပြင်တွင် ကျောက်ပုစွန်(ပဂဲ) ဖမ်းနေသူ (၄)ဦး အနက် ၂ ဦး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပထော် ကျေးရွာ၌ မိုးကြိုးပစ်ခံရ၍ လူ(၂)ဦးသေဆုံးနေကြောင်း သတင်းအရ ပထက်ရဲကင်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ စုံစမ်း စစ်ဆေးရာ ပထော်ကျေးရွာနေ ဦးမောင်(ခ) ဖိုးအိုစိန် အသက် (၄၅)နှစ်နှင့် ဇော်မင်း (၂၆)နှစ်တို့ နှစ်ဦးတွင် လည်ပင်း အထက် မျက်နှာများ မဲနက်နေပြီး နားထင် သွေးထွက်၊ နှာခေါင်းမှ အမြှုပ်ထွက်၍ သေဆုံးနေကြောင်း တွေ့ရှိရသည်.


စစ်ဆေးချက်များအရ သေဆုံးသူ (၂)ဦးနှင့် တစ်ရွာတည်းနေ မောင်မျိုး (၃၁)နှစ်၊ မင်းထိုက် (၁၃)နှစ် တို့သည် ပင်လယ်ပြင်၍ အလျား ၂၄ ပေ၊ အနံ ၅ ပေ၊ ရေစူး ၃ ပေရှိ ကျောက်ပုစွန် (ပုဂဲ) ဖမ်း စက်လှေအား ကျောက်ချရပ်နားခဲ့ကြောင်း ၊ ပြီးနောက် မောင်မျိုးနှင့် မင်းထိုက် တို့မှာ စက်လှေ ဦးပိုင်းတွင် ထိုင်နေပီး ဦးမောင်(ခ) ဖိုးအိုစိန်နှင့် ဇော်မင်း တို့နှစ်ဦးမှာ လှေပေါင်းမိုးအောက်တွင် ထမင်းစား နေရာမှ ရုတ်တရက် မိုးရွာပြီး မိုးကြိုး ပစ်ခံရမှုကြောင့် သေဆုံးသွားသဖြင့် ပထော်ကျေးရွာသို့ စက်လှေဖြင့် သယ်ဆောင် လာခဲ့ကြောင်း သိရသဖြင့် ကျွန်းစုမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁၂/၂၀၁၄)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

0 comments: