Friday, January 2, 2015

တရားမ၀င် ၀င်ရောက်လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂) ဦးအား မြိတ်မြို့တွင် ဖမ်းဆီးမိ

တရားမ၀င် ၀င်ရောက်လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂) ဦးအား မြိတ်မြို့တွင် ဖမ်းဆီးမိ
-----------------------------------------------------
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ည (၁၀)နာရီ အချိန်ခန့်တွင် မြိတ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များသည် မြိတ်မြို့ ကန်ဖျားရပ်ကွက် ဘုရားငါးဆူ အားကစားကွင်းရှေ့တွင် ကော့သောင်းမြို့သို့ ထွက်ခွားမည့် အောင်စည်မင်း မော်တော်ယာဉ်လိုင်းမှ ခရီးသည်တင် မှန်လုံယာဉ်အား သက်သေများနှင့် အတူ စစ်ဆေးစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ နေထိုင်သူ စံလှဘိုင် အသက် (၂၀)နှစ်နှင့် ဆာထွန်းအောင် အသက် (၂၆)နှစ် တို့ နှစ်ဦးအား သက်သေခံ လက်မှတ် အထောက်အထား ခိုင်လုံစွာ ပြသနိုင်ခြင်း မရှိသဖြင့် ဖမ်းဆီး စစ်ဆေးခဲ့သည်။

စစ်ဆေး ပေါ်ပေါက်ချက်များအရ ၄င်းတို့ နှစ်ဦးသည် ဘင်္ဂလာဒေ့ရှ် နိုင်ငံ တက္ကနက်မြို့မှ တဆင့် မောင်တောမြို့၊ ဘူးသီးတောင်၊ စစ်တွေ ၊ ရန်ကုန်၊ ထားဝယ် မြိတ် ခရီးစဉ်အတိုင်း လာခဲ့ကြောင်း၊ ၄င်းတို့မှာ ကော့သောင်းမြို့မှ တဆင့် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ နိုင်ငံတွင်းသို့ တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလားဒေရှ့် နိုင်ငံသား (၂)ဦးအား အရေးယူပေးရန် မြို့နယ်လ၀က ဦးစီးအရာရှိမှ တရားလို ပြုလုပ်၍ တိုင်တန်းသောကြောင့် မြိတ်မြို့ မြို့မ ရဲစခန်းမှ (ပ) ၇၉၁/၂၀၁၄၊ လ၀က အက်ဥပဒေ ပုဒ်မ ၁၃(၁) အရ အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

0 comments: