Wednesday, June 3, 2015

အခြေခံ ရေကြောင်းလူငယ်သင်တန်း နှင့် တန်းမြင့် ရေကြောင်း လူငယ်သင်တန်းများ တက်ရောက်နိုင်ရန် အတွက် လိုအပ်သော အရည်အချင်းများအား ကြေငြာခြင်း

အခြေခံ ရေကြောင်းလူငယ်သင်တန်း နှင့် တန်းမြင့် ရေကြောင်း လူငယ်သင်တန်းများ တက်ရောက်နိုင်ရန် အတွက် လိုအပ်သော အရည်အချင်းများအား ကြေငြာခြင်း

နေပြည်တော် ၊ ဇွန် ၂

ရေကြောင်း ပညာရပ်များအား စိတ်ပါဝင်စားသော ကျောင်းသားလူငယ် များကို ရေကြောင်း ပညာရပ်များ အခြေခံအဆင့် ကျွမ်းကျင် တတ်မြောက်စေရန် အတွက် အခြေခံ ရေကြောင်း လူငယ်သင်တန်း နှင့် တန်းမြင့် ရေကြောင်း လူငယ်သင်တန်း များအား နှစ်စဉ် နွေရာသီကျောင်းပိတ်ရက် ဧပြီလမှ မေလအတွင်း သင်တန်း ကာလ ၄ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။


အခြေခံ ရေကြောင်းလူငယ်သင်တန်း အတွက် လိုအပ်သော အရည်အချင်း သတ်မှတ်ချက်များမှာ -
- အနည်းဆုံး အခြေခံပညာ သတ္တမတန်းအောင်မြင်ပြီး အလယ်တန်း/ အထက်တန်း ကျောင်းသား/သူများ ဖြစ်ရမည်။
- အကျင့် စာရိတ္တကောင်းမွန်ပြီး မိဘအုပ်ထိန်းသူများမှ ခွင့်ပြုသူဖြစ်ရမည်။
- ရေကြောင်း ပညာရပ်ကို စိတ်ပါဝင်စားသူဖြစ်ရမည်။
- သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

သင်ကြားပို့ချမည့် ဘာသာရပ်များအနေဖြင့် -
- အခြေခံစစ်ရေးပြ ဘာသာရပ်။
- အခြေခံရေကူး ဘာသာရပ်။
- အခြေခံရေတပ်သားဘာသာရပ်။
- ရေကြောင်းလမ်းညွှန်အခြေခံသဘောတရားဘာသာရပ်နှင့် နက္ခတ္တဗေဒဘာသာရပ်။
- GPS အပါအ၀င်ရေကြောင်းသွားလာရေးဘာသာရပ်။
- အခြေခံရေတပ်သားအချက်ပြဆက်သွယ်ရေးဘာသာရပ်။
- အခြေခံလှေလှော်ရွက်တိုက်ဘာသာရပ်။
အစရှိသည့် ဘာသာရပ်များကို သင်ကြား ပို့ချပေးသွားမည် ဖြစ်ပြီး သင်တန်းစခန်း ၅ ခု၌ သင်တန်း တစ်ခုလျှင် သင်တန်းသား အရေအတွက် ၃၀ ဦးစီဖြင့် နှစ်စဉ် ဧပြီလမှ မေလအတွင်း ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

တန်းမြင့် ရေကြောင်းလူငယ်သင်တန်း အတွက် လိုအပ်သော အရည်အချင်း သတ်မှတ်ချက်များမှာ -
- ရေကြောင်း လူငယ် အခြေခံသင်တန်း တက်ရောက်အောင်မြင်ပြီးသူ ဖြစ်ရမည်။
- အကျင့်စာရိတ္တ ကောင်းမွန်ပြီး မိဘအုပ်ထိန်းသူများမှ ခွင့်ပြုသူဖြစ်ရမည်။
- ရေကြောင်း ပညာရပ်ကို စိတ်ပါဝင်စားသူဖြစ်ရမည်။
- သင်တန်း ပြီးဆုံးအောင် တက်ရောက်နိုင်သူဖြစ်ရမည်။

သင်ကြား ပို့ချမည့် ဘာသာရပ်များအနေဖြင့် -
- စစ်ရေးပြဘာသာရပ်။
- ရေကူး ဘာသာရပ်။
- အသုံးချ ရေတပ်သား ဘာသာရပ်။
- အသုံးချ ရေကြောင်း လမ်းညွှန်ဘာသာရပ်နှင့်နက္ခတ္တဗေဒဘာသာရပ်။
- GPS အပါအ၀င် ရေကြောင်းသွားလာရေးဘာသာရပ်။
- ရေတပ်သား အချက်ပြ ဆက်သွယ်ရေးဘာသာရပ်။
- လှေလှော်ရွက်တိုက်ဘာသာရပ်။
အစရှိသော ဘာသာရပ်များအား သင်ကြား ပို့ချသွားမည်ဖြစ်ပြီး အခြေခံ ရေကြောင်း လူငယ် သင်တန်း အောင်မြင်ပြီး ထူးချွန်သော သင်တန်းသား/ သင်တန်းသူ များအား ရွေးချယ်၍ တန်းမြင့် သင်တန်းအဖြစ် လေ့ကျင့် သင်ကြားသွားမည် ဖြစ်ပါသည်။ ထို့ပြင် တန်းမြင့်သင်တန်းမှ တစ်ဆင့် စိတ်ပါဝင်စားပြီး ဆက်လက် လေ့ကျင့် ဆောင်ရွက်လိုသော ၀ါသနာရှင် သင်တန်းသားများအား တပ်မတော်(ရေ) လှေလှော်ရွက်တိုက် ကလပ် အသင်းဝင်များအဖြစ် လက်ခံ၍ အခြေခံသင်တန်းများတွင် အကူနည်းပြများ အဖြစ် တာဝန်ပေးအပ် သွားမည်ဖြစ်ပါသည်။

ရေကြောင်း လူငယ်သင်တန်း များအား စိတ်ပါဝင်စား၍ တက်ရောက် လိုသူများ အနေဖြင့် ဖုန်း ၀၃၆-၃၀၆၂၅ ၊ ၀၃၁-၃၁၆၅၀ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

မြ၀တီ နေ့စဉ်ထုတ်သတင်းစာ

0 comments: