Wednesday, June 3, 2015

တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့ ပညာသင် စရိတ်ထောက်ပံ့ပေးအပ်ပွဲပြုလုပ်



တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့ ပညာသင် စရိတ်ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင် သည် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် တနင်္သာရီ မြို့နယ် ရဲတပ်ဖွဲ့ရှိ မိသားစုဝင်များ၏ ကျောင်းနေအရွယ် သားသမီးများအား ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အတွက် ပညာသင် စရိတ် ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။




အဆိုပါ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ တပ်ဖွဲ့ဝင် မိသားစုများ၏ ကျောင်းနေ အရွယ် သားသမီး များဖြစ်သော မူလတန်း အဆင့်ကျောင်းသား  / ကျောင်းသူ       (၂၃)ဦး၊ အလယ်တန်း အဆင့် ကျောင်းသား/ ကျောင်းသူ   (၂၂)ဦး    အထက်တန်း အဆင့်ကျောင်းသူ(၁)ဦး၊ တက္ကသိုလ်ဝင် အဆင့် ကျောင်းသား/ ကျောင်းသူ(၅)ဦး ၊ စုစုပေါင်း(၆၁)ဦး တို့အား ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် ပညာသင် စရိတ် စုစုပေါင်း (၃၀၆၀၀၀)ကျပ်ဘိုး ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။    

0 comments: