Wednesday, June 3, 2015

တနင်္သာရီမြို့တွင် စုပေါင်းရုံး အဆောက်အဦး (One Stop Service) ပန္နက်တင် မင်္ဂလာကျင်းပ


တနင်္သာရီမြို့တွင် စုပေါင်းရုံး အဆောက်အဦး (One Stop Service) ပန္နက်တင် မင်္ဂလာကျင်းပ


တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့၊ စုပေါင်းရုံး နောက်ဘက် မြေနေရာတွင် ဇွန်လ ၂ ရက်နေ့ ၊ နံနက် ၈ နာရီ ၁၀ မိနစ်တွင် စုပေါင်းရုံး အဆောက်အဦး (One Stop Service) ပန္နက်တင် မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ရာ တနင်္သာရီ မြို့နယ် အထွေထွေ  အုပ်ချုပ်ရေး ဦးစီးဌာန ၊   လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူ ၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး ဥက္ကဌ ဦးရဲထွန်းလွင် ၊ River Nine ကုမ္မဏီ မန်းနေဂျင်းဒါရိုက်တာ ဦးတင့်နိုင် တို့မှ အမွှေးနံ့သာများ ပက်ဖျန်း၍ ပန္နက်တင်ပေး ကြသည်။



အဆိုပါ အဆောက်အဦးကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ၂၀၁၅ -၂၀၁၆ ခွင့်ပြုရန်ပုံငွေ သိန်း(၁၀၀၀)ကျပ်ဖြင့် စုပေါင်းရုံး နောက်ဘက်တွင် အလျား (၇၄)ပေ၊ အနံ(၄၈)ပေ၊ အမြင့်(၁၅)ပေ အာစီ ကွန်ဂရစ် တစ်ထပ် သွပ်မိုး (၁၂)ခန်းတွဲဖြစ်ပြီး River Nine ကုမ္မဏီ မှ  တာဝန်ယူ ဆောက်လုပ်မည် ဖြစ်ကြောင်း သိရှိရ ပါသည်။

0 comments: