Thursday, June 18, 2015

ဆွေးမြေ့နေသည့် ဓာတ်တိုင် ပြင်ဆင်ပေးပါရန် (ပေးစာ)



ဆွေးမြေ့နေသည့် ဓာတ်တိုင် ပြင်ဆင်ပေးပါရန် (ပေးစာ)

မြိတ်မြို့ အလယ်ကျွန်းနယ်မြေ ပြင်းငယ် ဘုန်းတော်ကြီးကျောင်း တောင်ဆင်းလမ်းတွင် စိုက်ထူထားသော လျှပ်စစ်မီးတိုင် တစ်တိုင်သည် အောက်ခြေ တိုင်ရင်းမှ ဆွေးမြေ့နေပြီး မီးတိုင်မှာ နေအိမ်ဖက်သို့ လဲကျလုနီးပါး ဖြစ်နေပါသည်။ 






မိုးတွင်းကာလတွင် လေပြင်းများ တိုက်ခတ်ပါက အဆိုပါ လမ်းမီးတိုင်သည် နေအိမ်ဖက်သို့ လဲကျနိုင်ပါသည်။ အကယ်၍ လျှပ်စစ်ဓာတ်အား လွှတ်ထားသည့် အချိန်တွင် ဓာတ်မီးတိုင် လဲကျပါက ပုံပါသည့် အတိုင်း သွပ်သံ အမိုး များပေါ်သို့ ကျရောက်လဲကျပြီး လျှပ်စစ် အန္တရာယ် ကြုံတွေ့မည့် အခြေအနေ ရှိပါသည်။ 

သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ အဆိုပါ လျှပ်စစ်မီးတိုင်အား အမြန်ဆုံး လဲလှယ် ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။


0 comments: