Monday, June 29, 2015

မူးယစ်ဆေးဝါး အန္တရာယ် ပညာပေး ဟောပြောပွဲ မြိတ်မြို့၌ ပြုလုပ်

မူးယစ်ဆေးဝါး အန္တရာယ် ပညာပေး ဟောပြောပွဲ မြိတ်မြို့၌ ပြုလုပ်
------------------------
မြိတ်မြို့တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ရောင်းချနေသူ တရားခံများ၏ ထွက်ဆို အစစ်ခံ ဖော်ထုတ်ချက် အရ မူးယစ်ဆေးဝါး သုံးစွဲသူ (၃၄)ဦး၊ အခြား ဖိတ်ကြားထားသူ(၁၆)ဦး၊ စုစုပေါင်း (၅၀)ဦး တို့ဖြင့် မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် (၂၃.၆.၂၀၁၅) ရက်နေ့ (၁၈၀၀)  အချိန်မှ (၁၉၃၀) အချိန်ထိ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦး၊ မြို့နယ် ဥပဒေ အရာရှိ ဦးအောင်စိုးမင်း တို့မှ မူးယစ်ဆေးဝါးဆိုးကျိုး အန်္တရာယ် ပညာပေး ဟောပြောခြင်းနှင့်  ၀န်ခံကတိ လက်မှတ် ရေးထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။



အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းမှ အဖွင့် အမှာစကားပြောကြားရာ တွင် ပြည်သူများစားဝတ်နေရေး၊ လူမှုရေး ဘ၀ တိုးတက်အောင် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တစ်ရပ်  ဖြစ်အောင် မိမိတို့မှ တာဝန်ထမ်းဆောင်နေချိန် မူးယစ်ဆေးဝါး အန်္တ်္တရာယ်သည် လူသားများအား ခြိမ်းခြောက်နေကြောင်း၊ မိမိတို့ အနေဖြင် ပြည်သူများ ကောင်းကျိုးကိုသာ မြင်တွေ့လို သဖြင့် မူးယစ်ဆေးဝါး အန်္တရာယ်အား ဟောပြော ဆွေးနွေးခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိတို့နှင့်အတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် လက်တွဲပါဝင် ကူညီကြရန်ပြောကြားခဲ့သည်။

ထိုနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦးမှ ဆွေးနွေးပြောကြားရာတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ဆောင်ရန်၊ရှောင်ရန် အချက်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရည်မှန်းချက်တာဝန်နှင့် ရဲတပ်ဖွဲ့လုပ်ငန်းတာဝန်များ တွင်  မူးယစ်ဆေးဝါး အန်္တရာယ် တားဆီးနှိမ်နင်းရေးသည် တာဝန်တစ်ရပ် အနေဖြင့် ပါဝင်ကြောင်း၊ မူးယစ် ဆေးဝါး အန်္တရာယ် တားဆီးကာကွယ်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်ကြောင်း၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့၏ ၂၀၁၅ ခုနှစ်အတွင်း  မူးယစ်ဆေးဝါး ဖမ်းဆီး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် (၂၆.၅.၂၀၁၅) ရက်နေ့မှ (၂၆.၆.၂၀၁၅) ရက်နေ့ အထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူး စီမံချက် (ယင်းမာ)အား တစ်နိုင်ငံလုံးအနေဖြင့် နည်းဗျူဟာ၊ မဟာဗျူဟာများ  ချမှတ် လုပ်ဆောင်နေကြောင်း၊ မူးယစ်ဆေးဝါး WY ဆေးပြားများ မြို့နယ်အတွင်းသို့ စိမ့်ဝင်နေကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသော ကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်  ရွက်ကြရန်နှင့် မူးယစ်ဆေးဝါးသတင်းရရှိပါက ရဲတပ်ဖွဲ့သို့ သတင်းပေးကြပါရန် ဆွေးနွေးပြောကြား ခဲ့သည်။

ဆက်လက်ပြီး  မြို့နယ်ဥပဒေအရာရှိ ဦးအောင်စိုးမင်းမှ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်များတွင် ဘိန်းစာမှုန့်နှင် WYဆေးပြားများ အများဆုံး ဖမ်းဆီးရမိကြောင်း၊ မူးယစ်ဆေးဝါးမှုနှင့်ပတ်သက်၍ ပြစ်မှု/ ပြစ်ဒဏ်များမှာ  အနိမ့်ဆုံးထောင်ဒဏ်  (၃)နှစ်မှ သေဒဏ်အထိချမှတ်နိုင်ကြောင်း၊ သို့ဖြစ်၍ မူးယစ်ဆေးဝါးနှင့် ပတ်သက် ပြီး အတတ်နိုင်ဆုံး ရှောင်ရှားကြရန်၊ သုံးစွဲခြင်း မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါးကြောင့် မိမိကိုယ်တိုင်နှင့် မိသားစုဘ၀ အခက်အခဲ ဒုက်္ခများနှင့်  ရင်ဆိုင်ရနိုင်ကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

0 comments: