Tuesday, June 30, 2015

အရှေ့မော်တုန်းရွာ၌ တောင်သူများ စပါးအထွက်တိုးရေး ပညာပေး ဆွေးနွေး



အရှေ့မော်တုန်းရွာ၌ တောင်သူများ စပါးအထွက်တိုးရေး ပညာပေး ဆွေးနွေး
တနင်္သာရီ - ဇွန်လ (၂၇) ရက်
တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်  တနင်္သာရီမြို့နယ်  အရှေ့မော်တုန်းကျေးရွာ အုပ်စု အရှေ့မော်တုန်းရွာ အခြေခံပညာ အထက်တန်းကျောင်း စာသင်ဆောင် အတွင်းတောင်သူများ စပါး အထွက်နှုန်းတိုး၍ ၀င်ငွေ တိုးပွားစေရေး ရည်ရွယ်၍ ဇွန်လ(၂၇)ရက် နံနက်(၀၉း၀၀) အချိန်က မြိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်သီးနှံ ကာကွယ်ရေး တာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးသန္တာစိုးသည် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးနိုင်လင်းစိုးနှင့် ၀န်ထမ်းများ လိုက်ပါလျက် အရှေ့မော်တုန်းကျေးရွာ အုပ်စု အတွင်းမှ တောင်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
 


ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ၀န်ထမ်းများက တောင်သူများအား ပညာပေး လက်ကမ်း စာစောင်များဝေငှပေးပြီး၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးနိုင်လင်းစိုးက တောင်သူများအား မျိုးကောင်းမျိုးသန့် စပါးမျိုးများ အသုံးပြုခြင်းဖြင့် စပါးအထွက်နှုန်း ပိုတိုးနိုင်မည် ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်လုပ်ထားသော G W-1 စပါးအထူးထွက် တိုးစပ်မျိုး စပါးအကြောင်း မိတ်ဆက် ရှင်းလင်း၍ မျိုးစပါး မျိုးကောင်းမျိုးသန့် ရရှိရန် ဆားရည်စိမ် စမ်းသပ် နည်း၊ သိပ္ပံနည်းကျ(၁၄)ချက်ဖြင့် စိုက်ပျိုးနည်းများ အကြောင်း အသေးစိတ် အသိပညာပေး ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြိတ်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်သီးနှံ ကာကွယ်ရေး တာဝန်ခံဦးစီး အရာရှိ ဒေါ်အေးသန္တာစိုးမှ ပိုးသတ်ဆေးများ စံနစ်တကျ သုံးစွဲနည်း၊ စပါးပင်တွင် ကျရောက်တတ်သော ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းနည်း၊ ဟင်းသီးဟင်းရွက် များ၌ ကျရောက်တတ်သော ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းနည်း၊ သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာ သုံးစွဲနည်းများ အကြောင်း နားလည်သဘောပေါက်သည် အထိ ပညာပေး ရှင်းလင်း ဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက် လာကြသော တောင်သူများ မရှင်းလင်းသည့် မေးမြန်းချက်များကို ခရိုင်ဦးစီးအရာရှိ က ပြန်လည်ဖြေကြားပေးသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူးဦးနိုင်လင်းစိုးကတောင်သူများအား SW-1 စပါး အထူး ထွက် တိုးစပ်မျိုး စပါးထုပ်များ ဖြန့်ဝေပေးရာ အရှေ့မော်တုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မိုးက တောင်သူများ ကိုယ် စား တောင်သူများ စပါး အထွက်တိုး၍ ၀င်ငွေတိုးစေရန် လာရောက် အသိပညာပေး ဆွေးနွေးသဖြင့် ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြောင်း သိရှိရသည်။

Moe Htet

0 comments: