Friday, June 19, 2015

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာများ စိုက်ထူ



မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာများ စိုက်ထူ

ဇွန်​လ ၂၆ ရက်​​နေ့တွင်​ ကျ​ရောက်​မည့်​ အပြည်​ပြည်​ဆိုင်​ရာ မူးယစ်​​ဆေးဝါး အလွဲသုံးမှုနှင့်​ တရားမ၀င်​​ရောင်းဝယ်​မှု တိုက်​ဖျက်​​ရေး​နေ့ အထိမ်းအမှတ်​ ပိုစတာများ စုပေါင်း စိုက်ထူခြင်းအား ဇွန်လ(၁၈)ရက် နံနက်(၀၆း၀၀)နာရီ အချိန်  တနင်္သာရီမြို့၌ ပြုလုပ်ခဲ့သည်





မြေစိုက်ပိုစတာများ စိုက်ထူရာတွင် အထက-တနင်္သာရီ အရှေ့တွင် မူးယစ်နွံ အတွင်း ကျွံဆင်းခြင်း ဘဝနိဂုံးချုပ် လိမ့်မည် ဆိုင်းဘုတ်ကို လည်းကောင်း၊   ရွှေလိပ်ပြာ လမ်းဆုံနေရာတွင်  ၀န်းကျင် သာယာလှပဖို့ ဆေးစွဲသူကို ၀ိုင်းကူစို့ ဆိုင်းဘုတ်ကို လည်းကောင်း၊  တနင်္သာရီတံတား ရဲကင်းနေရာတွင် စိတ်ဓါတ် ခိုင်မာ သန်စွမ်းရေး အားကစား မြှင့်တင်ပေး မူးယစ်ဆေးကို ရှောင်ပါ မနှေး ဆိုင်းဘုတ်ကို လည်းကောင်း၊ တနင်္သာရီခန်းမ အရှေ့နေရာတွင် မူးယစ် အန္တရာယ် လူ့ရန်စွယ် ကာကွယ် တိုက်ဖျက် လက်ချင်းဆက် ဆိုင်းဘုတ် တို့ကို လည်းကောင်း စသည့် ပြည်သူ အများမြင်သာ တွေ့ရှိနိုင်သည့် နေရာများတွင် တနင်္သာရီမြို့နယ်​ မူးယစ်​​ဆေးဝါးနှင့်​ စိတ်​ကို​ ပြောင်းလဲ​စေတတ်​​သော တားဆီးကာကွယ်​​ရေးအဖွဲ့ ဥက္ကဌ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​သူ၊ တနင်္သာရီမြို့နယ် ရဲတပ်​ဖွဲ့မှူး ရဲမှူး သိန်းနိုင်​ နှင့် မြို့နယ် မူးယစ်ဆေးဝါးနှင့်​ စိတ်​ကို​ပြောင်းလွဲ စေတတ်​​သော​ဆေးဝါးများ တားဆီး ကာကွယ်​​ရေး ကော်မတီ အဖွဲ့ဝင်များ ပူးပေါင်း၍ မြေစိုက် ပိုစတာများ စိုက်ထူခဲ့ကြကြောင်း သတင်း ရရှိသည်။

0 comments: