Friday, June 19, 2015

မြိတ်ခရိုင်မဲစာရင်းတွင် မှတ်ပုံတင် အပါအဝင် (၅) ချက်မပါသူ ၉ဝဝဝဝ ကျော်ရှိ

မြိတ်ခရိုင်မဲစာရင်းတွင် မှတ်ပုံတင် အပါအဝင် (၅) ချက်မပါသူ ၉ဝဝဝဝ ကျော်ရှိ

((Wednesday, 17 June 2015 နေ့ထုတ် ပြည်ထောင်စု နေ့စဉ် သတင်းစာမှ ))

မြိတ်ခရိုင် အတွင်း ယခုလ ၈ ရက်မှ စပြီး စတင်ကြေညာသည့် မဲစာရင်းများတွင် မှတ်ပုံတင်အပါအဝင် အချက်(၅)ချက် မပါသူဦးရေ ၉ဝဝဝဝ ကျော်အထိရှိနေကြာင်း မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဘွားထံမှ သိရသည်။



ယင်းအချက် (၅)ချက်တွင် မှတ်ပုံတင်မရှိသူ၊ နေရပ်လိပ်စာ မပါသူ၊ အဖ နာမည်မပါသူ၊ အမိ နာမည်မပါသူနှင့် မွေးသက္ကရာဇ်မပါသူတွေဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

''အများဆုံးကတော့ မှတ်ပုံတင်ပျောက်နေတာနဲ့ နံပါတ်မသိသူတွေပါ။ မှတ်ပုံတင်မလုပ်ရသေး သူကနည်းတယ်'' ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဘွားက ပြောသည်။ အချက် ငါးမပါသူ အများဆုံးမှာ မြိတ်မြို့မှဖြစ်ပြီး လူ ဦးရေ ၃၃ဝဝဝ နှင့် အနည်းဆုံးမှာ တနင်္သာရီမြို့နယ်ကဦးရေ ၁၁၇ဝဝ ဖြစ် ကြောင်း ဦးလှိုင်ဘွားကပြောသည်။

''မဲစာရင်းမှာ နာမည်တော့ ပါနေတယ်။ မှတ်ပုံတင်မရှိတော့ နံပါတ်မပါဘူး ဖြစ်နေတယ်''ဟု အောင်မင်္ဂလာ ရပ်ကွက်နေ အသက် (၄ဝ)ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းသို့ အချက်ငါးချက်မပါသူများကို မဲပေးနိုင်ရန်အတွက် ရပ်/ကျေး အထောက်အကူပြုအဖွဲ့များ၏ ထောက်ခံမှု သို့မဟုတ် အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံမှုဖြင့် မဲပေးနိုင်ရန်စီစဉ်သွားမည်ဖြစ် ပြီး လက်ရှိအချိန်အထိ မည်သို့လုပ် ဆောင်ပေးမည်ကို အတိအကျမသိမပြောနိုင်သေးဟု ဦးလှိုင်ဘွားက ပြောသည်။

မြိတ်ခရိုင်အတွင်းတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ မြိတ်မြို့မှ ၁၃၉
အဆိုပါ အခြေခံမဲဆန္ဒရှင် စာရင်းများကို ယခုလ ၈ ရက်မှ ၂၁ ရက်အထိ ၁၄ ရက် တိုင်တိုင် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် တချို့ရပ်ကွက်ကြီးများတွင် တစ်ရပ်ကွက်ချင်း အလိုက် ကြေညာ ပေးထားမည်ဖြစ်ကြောင်း မြိတ် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးမှ သိရသည်။

 Dawei Watch


0 comments: