Tuesday, June 2, 2015

တနင်္သာရီ မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး အန္တရာယ် ကင်းရှင်းရေး ပညာပေး ဟောပြော

တနင်္သာရီ မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး အန္တရာယ် ကင်းရှင်းရေး ပညာပေး ဟောပြော

တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်သည် ၂၀၁၅ခုနှစ်၊ ဇွန်လ(၁) ရက်နေ့ နေ့လည် (၁၁း၃၀)အချိန် ၌ မူးယစ်ဆေးဝါး ပပျောက်ရေး (ယင်းမာ) စီမံချက် အရ မူးယစ်ဆေးဝါး အန္တရာယ် ကင်းရှင်းရေးနှင့် တရားမ၀င် ရောင်းဝယ်မှု ပပျောက်ရေး အတွက် ပညာပေး ဟောပြောခြင်းနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ရေး အကြောင်း ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။


အခမ်းအနားတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်မှ မူးယစ်ဆေးဝါး ပပျောက်သည် အထိ ဆောင်ရွက်နိုင်ရေး အတွက် (ယင်းမာ) စီမံချက်ရေးဆွဲ၍ နိုင်ငံအ၀ှမ်း အရှိန်အဟုန်မြင့် ဆောင်ရွက်နေကြကြောင်း၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများမှ ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါး သတင်းနှင့် ပတ်သက်၍ အချိန်မီ သတင်းပေးကြရန်၊ ရပ်ကွက်/ ကျေးရွာများတွင် ဆေးစွဲနေသော လူငယ်များ ရှိက စာရင်းပြုစု၍ ဆေးဖြတ်ဌာနတွင် ဆေးဖြတ်ပေးကြရန် ပညာပေး နှစ်သိမ့် ဆွေးနွေးမှုအား ဦးစွာပြုလုပ်ပြီး ဖမ်းဆီး အရေးယူမှုများအား အရှိန်ဟုန်မြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အကျယ်တ၀င့် ရှင်းလင်း ဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်၊ တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေး ၀န်ထမ်းများ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

0 comments: