Friday, June 19, 2015

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေး မြိတ်ခရိုင်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်နှင့် အလှူငွေများပေးအပ်လှူဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေး မြိတ်ခရိုင်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်နှင့် အလှူငွေများပေးအပ်လှူဒါန်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ဇွန် ၁၇ ရက်

ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးသည် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင် သာယာရေးဝန်ကြီး ဦးအောင်ကျော်ကျော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဇွန်(၁၆)ရက် နံနက် ၁၁ နာရီခွဲတွင် မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ ပထက်ကျေးရွာ စာကြည့်တိုက် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု အားပေး၍ ကျေးရွာစာကြည့်တိုက် ကော်မတီဝင်များအား စာကြည့်တိုက် ရေရှည်တည်တံ့ ခိုင်မာ စေရေးအတွက် ဆွေးနွေး ပြောကြားသည်။

 ထိုနောက် ပထက်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းရှိ ကျောင်းစာကြည့်တိုက်အား သွားရောက်ကြည့်ရှု အားပေးကာ အလှူငွေ ကျပ်(၅)သိန်းပေးအပ် လှူဒါန်းပြီး ကျောင်းစာကြည့်တိုက်များ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ ပညာရည် မြှင့်မားရေး အတွက် ဆွေးနွေး ပြောကြားသည်။
ယင်းနောက် မြိတ်ခရိုင် တနင်္သာရီမြို့နယ်သို့ သွားရောက်ကာ ကျေးရွာ စာကြည့်တိုက်များ ဖွံဖြိုး တိုးတက်ရေးနှင့် ပြည်သူများ အသိပညာ မြှင့်မားရေး ကိစ္စများ ကိုလည်းကောင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး အတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားပြီး စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။




 ထိုမှတဆင့် တနင်္သာရီမြို့နယ် ပ၀ကျေးရွာသို့ သွားရောက်၍ လူငယ် ဖွံ့ဖြိုးရေး ပရဟိတ(ကျား)ဂေဟာရှိ ကျောင်းသား လူငယ်များအတွက် အစားအစာနှင့် စာအုပ် စာစောင်များ ကျောင်းသုံး ဗလာစာအုပ်များနှင့် အလှူငွေများ ပေးအပ် လှူဒါန်းကာ ဒေသခံ ပြည်သူများနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး အခြေအနေများကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(တိုင်းဒေသကြီး /ပြန်ဆက်)

0 comments: