Tuesday, June 30, 2015

တနင်္သာရီမြို့နယ် ရပ်ကွက်/ကျေးရွာ စာရေးများအား (၆)လ (၁)ကြီမ် အရည်အချင်းစစ်ဆေးမှု ပြုလုပ်




တနင်္သာရီမြို့နယ် ရပ်ကွက်/ကျေးရွာ စာရေးများအား (၆)လ (၁)ကြီမ် အရည်အချင်းစစ်ဆေးမှု ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ ဦးစီး၍ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး၏ ညွှန်ကြားချက်များနှင့် အညီ ရပ်ကွက်/ ကျေးရွာစာရေးများ စွမ်းဆောင်ရည် မြှင့်မား တိုးတက်လာစေရေး ရည်ရွယ်ချက်ဖြင့် တနင်္သာရီမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီး သီးတို့မှ စာရေးများအား (၆)လ (၁)ကြီမ် အရည်အချင်း စစ်ဆေးခြင်းအား ဆောင်ရွက်လျက် ရှိရာ ဇွန်လ(၂၉)ရက်နေ့ နံနက်(၀၉း၃၀) အချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် စွမ်းဆောင်ရည် မြင့်မားရေး ရက်တိုသင်တန်း ဖွင့်လှစ် ပို့ချရာသို့ ရပ်ကွက်နှစ်ခုနှင့် ကျေးရွာအုပ်စု(၁၉)အုပ်စု တို့မှ စာရေး(၂၁)ဦးတို့တက်ရောက်ကြသည်။



၎င်းသင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ ဒုတိယ ဦးစီးမှူးများ ဖြစ်သော ဦးချမ်းမင်းလတ်၊ ဒေါ်ဥမ္မာ
ဇင် နှင့် ဦးနိုင်လွင်ဦးတို့မှ ၀န်ထမ်း နည်းဥပဒေ၊ မြေယာ/ ယစ်မျိုး ဘာသာရပ်၊ မိမိဦးစီးဌာနတာဝန်များ၊ အခြား ၀န်ကြီး ဌာနများမှ လွှဲအပ်သော လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး ဆိုင်ရာဥပဒ၊နည်းဥပဒေများ၊ ရုံးလုပ်ငန်း လက်စွဲ ….စသော ဘာသာရပ်များကို ထပ်ဆင့်ပို့ချ သင်ကြားပေးမည် ဖြစ်သည်။

အဆိုပါ ရပ်ကွက်/ ကျေးရွာ စာရေး(၂၁)ဦး တို့အား ဇွန်လ(၃၀) ရက်နေ့ မွန်းလွှဲ(၁) နာရီတွင် အရည်အချင်းစစ် စာမေးပွဲကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

                                                                

0 comments: