Monday, June 29, 2015

"ပွဲစားထံ အကြွေးဘတ်၁၀သိန်း အလုပ်လုပ်ရင်း ပေးဆပ်နေ" ရသော ပုလောမြို့နယ်မှ မြန်မာ မိန်းကလေး သုံးယောက် ယနေ့လွတ်မြာက်


"ပွဲစားထံ အကြွေးဘတ်၁၀သိန်း အလုပ်လုပ်ရင်း ပေးဆပ်နေ" ရသော ပုလောမြို့နယ်မှ မြန်မာ မိန်းကလေး သုံးယောက် ယနေ့လွတ်မြာက်
===============================
ထိုင်းနိင်ငံ မဟာချိုင်နယ်မြေတွင် ထိုင်းနိင်ငံသို့ ခေါ်တင်လာသော ပွဲစားတစ်ဦး ထံတွင် လမ်းစရိတ်၊ အလုပ်သွင်းခ၊ အလုပ်မရခင် ကျွေးထားသော စားစရိတ်များကို သုံးနှစ်နီးပါး အ လုပ်လုပ်ရင်း အကြွေးဆပ်နေသော်လည်း မကျေနိင်သေးပဲ အတိုးပေါ် အတိုးတက်ရင်း ခုချိန်ထိ သုံးဦးပေါင်း ဘတ်၁၀သိန်း အကြွေးတင်နေတာကို မြန်မာသံရုံးမှသံအမတ်ကြီး ဦးဝင်းမောင်၏ ကိုယ်ရေးအရာရှိ ဦးအောင်စိုးမှ ဦးဆောင်ပြီး အလုပ်သမား ကူညီ စောင့်ရှောက်ရေး မဟာမိတ်ကော်မတီက အောင်မြင်စွာ ဖြေရှင်းပေးနိင်ခဲ့ပါသည်။





ဖြစ်စဉ် အကျဉ်းမှာ တနင်္သာရီတိုင်း ပုလောမြို့နယ် အမှတ်၂ရပ်ကွင်မှ မယုယုတို့ ညီအမ နှစ်ဦးနှင့် အမှတ်၎ရပ်ကွက်မှ မသဲမာ၏ အမရင်းဖြစ်သူနှင့် မိဘဆွေမျိုးများမှသုံးနှစ်နီး ပါးထိ အကြွေးဆပ်နေရသော သူမတို့ သုံးယောက် အတွက် ကူညီပေးပါရန် မြန်မာနိင်ငံ အမျိုးသမီးရေးရာနှင့် လူကုန်ကူးမှု တားဆီးရေးအဖွဲ့ထံ တိုင်ကြား လာတာကို ထိုမှ တစ်ဆင့်မြန်မာသံရုံးသို့ သတင်းရောက်ရှိပြီး မဟာမိတ်အဖွဲ့မှ ပူးပေါင်းဖြေ ရှင်းပေးခဲ့ပြီ တစ်ကယ်တမ်း အကြွေး ဘတ်၁၀သိန်းလည်းဆပ်ဖို့ မလိုတော့ပဲ(သုံးနှစ်နီးပါး အလုပ်လုပ်ရသမျှ မိဘထံ မပို့နိင်ပဲ) ပေးဆပ်ခဲ့ပြီး ဖြစ်တာကြောင့် စနစ်တကျ တွက်ချက်ထားသော စာရင်းဇယား တွေအရ အကြွေးများမှ ကင်းလွတ်တဲ့ အပြင် ပွဲ စားမှ မယုယုတို့ ညီအမ နှစ်ဦးအား ဘတ်ငွေ ၇၅၀၀၀ ပြန်ပေး ခဲ့ရပြီး တစ်လ တစ်သောင်းပေးသွားမယ်လို့ အသိသက်သေ လူကြီးများရှေ့တွင် ဝန်ခံဂတိ လက်မှတ် ရေးထိုးပေးခဲ့ ရပါ သည်။

မြန်မာ အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ် ကော်မတီနှင့် မြန်မာသံရုံး တာဝန်ရှိသူ ဦးအောင်စိုးမှ မြန်မာ အချင်းချင်း ဖြစ်သည့် အတွက် လူမှောင်ခိုကူးမှု ဥပဒေနှင့် မငြိ စွန်းရအောင် ထိုင်းနိင်ငံမှာပဲ နှစ်ဦးနှစ်ဖက် မနစ်နာ အောင်ဖြေ ရှင်းပေးခဲ့ တာကို နှစ်ဖက် စလုံးက ကျေနပ်ပါကြောင်း ပြောကြားခဲ့ ပါသည်။

ထိုမိန်းကလေး သုံးယောက်စလုံး မိဘများထံ သုံးနှစ်နီး ပါးငွေပို့ပေးနိင်ခြင်း မရှိခဲ့ပါ။ ဘယ်တော့များမှ ဆပ်လို့ကျေမလဲ မသိရပဲ ကြောက်ကြောက်နဲ့ အားတင်း အလုပ်လုပ်ရင်း ငွေတိုး တွေ တစ်ရစ်ပြီး တစ်ရစ်တက်တာကို ကြိတ်မှိတ်ပေးဆပ်နေရ သော မြန်မာပြည်သား မြန်မာအလုပ်သမလေး သုံးဦးကို ယနေ့ ကယ်တင်နိင်ခဲ့တဲ့ အတွက် ကော်မတီဝင် အားလုံးနှင့် ပါဝင် ကူညီသူ အားလုံး ကျေနပ် ပိတီဖြစ်ခဲ့ရ ပါသည်။

သူမတို့ သုံးဦးအား မြန်မာ သံရုံး အလုပ်သမား ကူညီစောင့် ရှောက်ရေး ကော်မတီဝင် ဦးခိုင် မှ အလုပ်နှင့် တစ်ကွလုံခြုံစိတ် ချရသော နေရာကို စီစဉ်ပေးခဲ့ ပါသည်။

ကျွန်တော်တို့ အဖွဲ့ဝင်တွေ ဒီအမှုဖြစ်စဉ် အတွက်နှစ် ရက် နှစ်ည ပင်ပန်းခဲ့ရပေမယ့် ကယ်တင်နိင်ခဲ့တဲ့ အတွက် ပိတီ ဖြစ်ရပါသည်။

27/6/2015- စနေနေ့

ပြည်ပမှာ မြန်မာနိင်ငံသား အချင်းချင်း ကိုယ်ချင်းစာ စိတ်လေး တွေ ထားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီအမှုဖြစ်စဉ်ကို ကူညီရင်း ဒီသတင်းလေးကို ရေးတင်ရခြင်းဖြစ်ပါသည်။

ရဲမင်း(RTF ) မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး
မဟာမိတ်ကော်မတီ-မဟာချိုင်နယ်မြေ
Ye Min

0 comments: