Thursday, June 18, 2015

တနင်္သာရီမြို့နယ်၊ မရင်းကြီးကျေးရွာတွင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး ပညာပေး ဟောပြော ကျင်းပပြုလုပ်


တနင်္သာရီမြို့နယ်၊ မရင်းကြီးကျေးရွာတွင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး ပညာပေး ဟောပြော ကျင်းပပြုလုပ်           

                                                                         
တနင်္သာရီတိုင်းဒေသကြီးး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင် သည် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး၊ မှုခင်း ကျဆင်းရေးနှင့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ ဟောပြောပွဲနှင့် နံရံကပ် ဓါတ်ပုံ ပိုစတာပြပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် ၊ ဇွန်လ ၇ ရက် နေ့ နံနက် ၀၉၃၀ အချိန် မှ ၁၁၀၀ အချိန်ထိ  ဆင်ခြေဖုံးကျေးရွာအုပ်စု၊ မရင်းကြီး ကျေးရွာ မူလွန် စာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။






အခမ်းအနားတွင် ဆင်ခြေဖုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးလွင်မှ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းကို လည်းကောင်း၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်မိသူဇာမှ  မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်သော ဓာတ်ပုံ ပိုစတာများ ပြသရခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း၊ တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်မှ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေး အတွက်(ယင်းမာ) စီမံချက် ရေးဆွဲ အကောင်အထည် ဖေါ်ဆောင်ရွက်နေကြောင်း၊ ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများမှ မူးယစ်ဆေးဝါး ကင်းရှင်းပပျောက်စေရေး အတွက် ၀ိုင်းဝန်း ပါဝင်ဆောင်ရွက်ကြရန် လိုကြောင်း၊ ယခုဟောပြောပွဲမှ ရရှိသည့် အကျိုး ကျေးဇူးများကို ဟောပြောပွဲ မတက်ရောက်နိုင်သော သူများကို တဆင့် ပြန်လည် ပြောပြပေးစေလိုကြောင်း ဆွေးနွေး ဟောပြောခဲ့ပြီး မူးးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းကို PROJECTOR ဖြင့် အကျယ်တ၀င့် ရှင်းလင်း ဟောပြောခဲ့ပြီးနောက် မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ဆိုင်ရာများကို ဆက်လက် ဆွေးနွေးဟောပြောခဲ့သည်။

အခမ်းအနားသို့ တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင် ၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဒေါ်မိသူဇာ ၊ ဆင်ခြေဖုံးအုပ်စုအုပ်ချုပ်ရေးမှူး ဦးဌေးလွင်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ကျေးရွာ မူးယစ်ဆေးဝါနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ ၊ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံ ပြည်သူများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ ကြကြောင်း နှင့် တက်ရောက် လာကြသူများအား မြို့နယ်ရဲတပ်ဖွဲ့မှုးနှင့် ဦးစီးမှူး တို့မှ နံရံကပ် ဓာတ်ပုံ စာစောင်များကို လိုက်လံပြသ ရှင်းလင်းခဲ့ ကြကြောင်း သတင်းရရှိပါသည်။
             
               
             

0 comments: