Sunday, June 7, 2015

သစ်ပင် စိုက်ပျိုးပွဲတော် ကျွန်းစုမြို့နယ်၌ ကျင်းပ

သစ်ပင် စိုက်ပျိုးပွဲတော် ကျွန်းစုမြို့နယ်၌ ကျင်းပ

ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် သစ်ပင်စိုက်ပျိုးပွဲတော်အား တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဌာနချုပ် ဘောလုံးကွင်း အနီး၌ ၂၀၁၅ ခုနှစ် ဇွန်လ (၅) ရက်နေ့ နံနက် (၈)နာရီ ကျင်းပပြုလုပ်ရာ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ဒုတိယဌာနချုပ်မှူး ဦးစီး အရာရှိ (၁၈)ဦး၊ စစ်သည် (၇၀)ဦး၊ ရဲမေ (၃၀)ဦးနှင့် အရပ်ဘက် ဌာနဆိုင်ရာ (၉)ဦးတို့ တက်ရောက် စိုက်ပျိုးကြသည်။





အဆိုပါ သစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားတွင် မဟော်ဂနီပင် (၂၆၀)ပင်၊ ပျဉ်းကတိုးပင် (၂၆၀)ပင်တို့အား စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။


0 comments: