Monday, June 29, 2015

““အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား မြိတ်တက္ကသိုလ်၌ ကျင်းပ ပြုလုပ်

““အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်   နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား မြိတ်တက္ကသိုလ်၌ ကျင်းပ ပြုလုပ်

---------------------------------------

““အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ””  နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည်ပိုင်း အချိန်၌ မြိတ်တက္ကသိုလ်၊ အဆောင်(၈)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး  ယာယီဒု ရဲမှူးကြီး တင်ထွန်း၊ မြိတ်တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ စီစီလှဘူး၊ ခရိုင်တရားသူကြီး ဒေါ် ၀ီလ်မာထွန်းခင်၊ မြိတ်ခရိုင် ပြန်/ဆက် ဒု ဦးစီးမှူး ဒေါ်သန်းသန်းဌေး၊ ခရိုင်/ မန အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ် ဆရာ/ ဆရာမများ၊  ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/ သူများ၊ စုစုပေါင်း အင်အား(၃၅၀)ဦးခန့် တက်ရောက်ခဲ့သည်။





  

အခမ်းအနားတွင် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းမှ““အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်”” အဖွင့် အမှာ စကား ပြောကြားခဲ့ပြီးနောက်  မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ယာယီ ဒုရဲမှူးကြီး တင်ထွန်းမှ မူးယစ်ဆေးဝါးအန္တရာယ် ဆိုင်ရာ သိကောင်းစရာများအား ပရိုဂျက်တာဖြင့် ချပြ ရှင်းလင်းခြင်း၊ ခရိုင်တရားသူကြီး ဒေါ်ဝီလ်မာထွန်းခင်မှ မူးယစ်ဆေးဝါး ဥပဒေနှင့် စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများအား ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူ များအား မူးယစ်ဆေးဝါး ဆိုင်ရာ ဥာဏ်စမ်း ပဟေဠိများ ယှဉ်ပြိုင်စေခြင်း၊ ဆုရကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊  မြိတ်တက္ကသိုလ်မှ ဌာနဆိုင်ရာ များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများမှ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် နံရံကပ် စာစောင်များ၊ စာစီစာကုံးများ၊ မှတ်တမ်းဓာတ်ပုံ များအား လှည့်လည် ကြည့်ရှုကာ ညနေ (၃)နာရီခွဲ အချိန် အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။


0 comments: