Saturday, June 6, 2015

အခြေခံမဲစာရင်းများ မြိတ်ခရိုင်အတွင်း ထုတ်ပြန်ကြေညာမည်

အခြေခံမဲစာရင်းများ မြိတ်ခရိုင်အတွင်း ထုတ်ပြန်ကြေညာမည်

၂၀၁၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် အခြေခံ မဲဆန္ဒစာရင်းများကို ၂၀၁၅ ခုနှစ် ဇွန်လ (၈) ရက်နေ့မှ စတင်၍ ဇွန်လ (၂၁) ရက်နေ့ အထိ (၁၄) ရက်တိုင်တိုင် ကြေညာ ထားမည် ဖြစ်ရာ မြိတ်ခရိုင် အတွင်းရှိ မြို့နယ် (၄)မြို့နယ်တွင်လည်း ကြေညာမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဇွန်လ (၆) ရက်နေ့တွင် အသိပေး ကြေညာ ထားသည်။





အဆိုပါ မဲဆန္ဒရှင် စာရင်းများကို မိမိတို့ ရပ်ကွက်/ကျေးရွာများရှိ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာထားမည် ဖြစ်ပြီး ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိတို့ အမည် ပါ/မပါ သိရှိနိုင်ရန် သွားရောက်ကြည့်ရှုရန် လိုအပ်ပြီး မိမိ၏ အမည် မပါလျှင် ပုံစံ (၃)ဖြင့် လျှောက်ထားရမည် ဖြစ်ကာ အချက်အလက်များ မှားနေလျှင် ပုံစံ (၄-ဂ)ကဖြင့် လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။

ထို့အပြင် မဲစာရင်းတွင် မပါဝင် သင့်သူများ (ဥပမာ - ကွယ်လွန်ပြီးသူများ၊ ထောင်ကျနေသူများ ) ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ရမည် ဖြစ်ပြီး ခေတ္တလာရောက် နေထိုင်သူများ၏ အမည်များသည် မိမိတို့ အမြဲနေထိုင်သည့် အိမ်ထောင်စု စာရင်း လ၀က ပုံစံ (၆၆/၆) ရှိသော မြို့နယ်မှ မဲစာရင်း၌သာ ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေး ပါတီများ အနေဖြင့်လည်း မိမိတို့ မဲဆန္ဒရှင် စာရင်းများ မဲစာရင်းတွင် ပါပြီး မဲပေးနိုင်ရေး ၀ိုင်းဝန်ပူးပေါင်း ဆောင်ရွက်ကြရန် ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်း နိုးဆော်ထားသည်။

0 comments: