Monday, June 29, 2015

* ဝိုင်းတောင်အလက(ခွဲ)သို့ ပညာဒါန အလှူ *

* ဝိုင်းတောင်အလက(ခွဲ)သို့ ပညာဒါန အလှူ *
= = = = = = = = = =
မြိတ်မြို့နယ် မဇောကျေးရွာ အုပ်စု ဝိုင်းတောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း( ခွဲ ) တွင် ကျင်းပပြုလုပ်သော " မိသားစုညီညွှတ်ရေး ဘဝသုံးပါး အသင်း ( မြိတ်မြို့ ) မှ မတည်ပြီး အလှူရှင် စေတနာရှင်များ စုပေါင်း၍ ကျောင်းသား ကျောင်းသူများအား ကျောင်းသုံး စာရေးကိရိယာ ပေးအပ် လှူဒါန်းပွဲ အခမ်အနား ကို ၁၃၇၇ ခုနှစ် ပထမဝါဆိုလဆန်း ၁၃ ရက်နေ့ ၂၀၁၅ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ တနင်္ဂနွေနေ့ မွှန်းလွဲ ၁ နာရီ တွင် ကျင်းပခဲ့ပါသည်။




အခမ်းအနား ကို နေလည် ၁ နာရီ အချိန်တွင် နမောတဿ သုံးကြိမ်သံပြိုင်ရွတ်ဆို ကာ အခမ်းအနား ကို အောင်မြင်စွာ ဖွင့်လှစ်ပြီး မိသားစု ညီညွှတ်ရေး ဘဝသုံးပါး အသင်း ဥက္ကဌ ဦးထွန်းဦးး မှ လှူဒါန်းရသော ရည်ရွယ်ချက် များ ကိုရှင်းလင်းပြောကြားကာ အလှူရှင် များ က လှူဖွယ်စာရေး ကိရိယာများ ပေးအပ်ကာ အခမ်းအနားကို ဗုဒ္ဓံသာသနံစီရံတိဋ္ဌတု ၃ကြိမ် ရွှတ်ဆိုကာ အခမ်းအနားကို နေလယ် ၂နာရီ အချိန် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

ထို့နောက် ကျောင်းသား ကျောင်းသူများနှင့် ဧည့်ပရိသတ် များအား အာဟာရများ ကျွှေးမွေးပြီး အလှူ ရှင်များမှ စာရေး ကိရိယာများ ပေးအပ်အပြီး တွင် ကျောင်းသားကလေး များ၏ ဆုတောင်းသံများဖြင့် ကြည်နူးဖွယ်ရာ အလှူတစ်ခု အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

၎င်း ဝိုင်းတောင် အလယ်တန်းကျောင်းခွဲ တွင် အနီးအနားရွာများမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၄၁ ဦး ပညာသင်ကြားလျှက်ရှိပါသည်။ အခမ်းအနားသို့ အလှူရှင်များ ရပ်မိရပ်ဖများ အသင်းသူ အသင်းသားများ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများ စုစုပေါင်း ၅၀၀ ကျော်ခန့် တက်ရောက်ကြပါသည်။

kokogyee

0 comments: