Monday, June 29, 2015

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား တနင်္သာရီမြို့နယ်၌ ပြုလုပ်

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား တနင်္သာရီမြို့နယ်၌ ပြုလုပ်

 တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်  တနင်္သာရီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့  အခမ်းအနားနှင့် ဆုချီးမြှင့်ခြင်းအခမ်းနားကို တနင်္သာရီခန်းမတွင် ဇွန်(၂၆)ရက် နံနက်(၀၉း၃၀) နာရီ အချိန်၌ ကျင်းပပြုလုပ်ရာ ကျောင်းသူ ကျောင်းများက မူးယစ်ရန်စွယ် ဒို့တိုက်ဖျက်မယ် တေးသီချင်းသီဆိုလျက် အခမ်းအနားက ဖွင့်လှစ်ပေးခဲ့ပြီး ရှေးဦးစွာ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့  ဒု-ဥက္ကဌ တနင်္သာရီ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင် ကပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သော  သ၀ဏ်လွှာအား ဖတ်ကြားပြီး    မြို့နယ် ဥပဒေအရာရှိ ဦးဇေယျာဝင်းထက် က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းရှင်းလင်းပြောကြားသည်။


 ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်အောင် က မူးယစ်ဆေးဝါး သုံးစွဲပါက ကျန်းမာရေး ဆိုးကျိုးများ အကြောင်းကို လည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းမင်းယု မှ ကျောင်းသားနှင့် မူးယစ်ဆေး အကြောင်း အား ဟောပြောခဲ့ကြသည်။

ယင်းနောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် စွမ်းစွမ်းတမံ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များအား  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင် ကဂုဏ်ပြုလက်မှတ် ချီးမြှင့်ပြီးနောက်   အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်     မြို့နယ်အဆင့်နှင့် မြိတ်ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့်  အထက်တန်းအဆင့်/ အလယ်တန်း အဆင့်/ မူလတန်း အဆင့် ကျောင်းသူ/သားများအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင် နှင့် တာဝန်ရှိသူများက ဆုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုငွေများ ဆုချီးမြှင့် ပေးအပ်ကြပြီး မြန်နိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်ပြန်/ဆက် ဦးစီးဌာနမှ ပြသထားသော ဓါတ်ပုံနှင့် နံရံကပ်စာစောင် များအား စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

0 comments: