Tuesday, June 23, 2015

ကျောင်းဆောင်သစ်ပေးအပ်ပွဲကျင်းပ

ကျောင်းဆောင်သစ်ပေးအပ်ပွဲကျင်းပ

တနင်္သာရီ တိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဘုတ်ချောင်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း စာသင်ကျောင်းဆောင်သစ် ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဌေး၊ တိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။



ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စာသင်ကျောင်း ဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းမှူးက စာသင်ဆောင် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဘုတ်ချောင်း အခြေခံပညာ မူလတန်းလွန် ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အတွက် ဗလာစာအုပ်များနှင့် စာအုပ်၊ စာစောင်များကို လည်းကောင်း၊ သမုတ် အခြေခံ ပညာ အထက်တန်းကျောင်းအတွက် ကျောင်းသုံးစားပွဲ၊ ထိုင်ခုံ အစုံ ၅ဝ ကိုလည်းကောင်း၊  အခြေခံပညာ မူလတန်း လွန်ကျောင်း (အလယ်ချောင်း) အတွက် မီးစက်၊ ကျောင်းသုံး ဗလာစာအုပ်များနှင့် ကျောင်းသုံး စားပွဲ၊ ထိုင်ခုံအစုံ ၅ဝ တို့အားလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းသည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များသည် ကျောင်းသား၊ ကျောင်းသူများအား တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။
မြ၀တီ

0 comments: