Tuesday, June 16, 2015

တနင်္သာရီ မြို့နယ်၌ ဘိန်းစာပင်မျာ့း ခုတ်ထွင် ရှင်းလင်း မီးရှို့ဖျက်ဆီး

တနင်္သာရီ မြို့နယ်၌ ဘိန်းစာပင်မျာ့း ခုတ်ထွင် ရှင်းလင်း မီးရှို့ဖျက်ဆီး

 မြိတ်ခရိုင် တနင်္သာရီမြို့နယ် သကျက် ကျေးရွာအုပ်စု ကျွဲထိန်းကုန်း ကျေးရွာ၏ အနောက် မြောက်ဘက်(၂)မိုင်ခန့် အကွာ၌် ဘိန်းစာပင်များ ပေါက်ရောက်နေ
ကြောင်း သတင်း ရရှိသဖြင့် အဆိုပါ ဘိန်းစာပင် များအား ခုတ်ထွင်ရှင်းလင်း မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ဇွန်လ (၁၄)ရက် နံနက်(၀၉း၁၅)နာရီ အချိန်က ၄င်းဘိန်းစာ ပင်များပေါက်ရောက်ရာနေရာတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်း ဦးဆောင်၍ ခရိုင်/ မြို့နယ်များမှ အဖွဲ့အစည်း အသီးသီးတို့က ပူပေါင်းလျက် မူးယစ်ဆေးဝါး ပပျောက်ကင်းစင် စေရေး ရည်ရွယ်ချက်ဖြင့် အမြှစ်ပါမကျန် ခုတ်ထွင်ရှင်း လင်းကြပြီး မီးရှို့ဖျက်ဆီးခဲ့ ကြကြောင်း သိရှိရသည်။




ယနေ့ပူးပေါင်းအဖွဲ့ဖြင့် ဘိန်းစာပင်များ မီးရှို့ဖျက်ဆီးခဲ့သည့် အခြေအနေမှာ ပင်စည်လုံးပတ်(၅) လက်မခန့် နှင့်အမြင့်ပေ (၁၃)ပေခန့်ရှိ ဘိန်းစာပင် (၉၉၄)ပင်၊ ပင်စည် လုံးပတ်(၃)လက်မနှင့် အမြင့်(၆)ပေခန့်ရှိ ဘိန်းစာပင်(၆၅၀)ပင်မီးရှို့ဖျက်ဆီး ခဲ့သည့် ဘိန်းစာပင်ပေါင်းမှာ(၁၆၄၄)ပင်ဖြစ်ပြီး၊ ဘိန်းစာရွက်များ အားလုံး၏ အလေးချိန်မှာ (၁၀၄၅.၇၉)ကီလိုဂရမ် ဖြစ်သည်။ ဘိန်းစာရွက် အစို တစ်ကီလိုဂရမ်လျှင် ကာလပေါက်ဈေး(၁၆၂၅၀ကျပ်)နှုန်းဖြင့် စုစုပေါင်းတန်ဘိုး
ကျပ်(၁၆၉၉၄၀၈၇.၅)ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဘိန်းစာပင် များအား ခုတ်ထွင်ရှင်းလင်းမီးရှို့ဖျက်ဆီးခြင်း အခမ်းအနားသို့ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်း၊ မြိတ်ခရိုင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(MaNa) ဥက္ကဌ ဦးဝင်းမောင် ပါ(၂၂)ဦး၊ မြိတ်ခရီုင်ဥပဒေအရာရှိ ဦးလှထွန်း ၊ ကျွန်းစုမြို့နယ် ရေကန်အော်ရွာ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းဝင်များ၊ တနင်္သာရီ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင် ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ နယ်မြေခံ ခြေမြန်တပ်ရင်း(၅၆၁) တပ်ရင်းမှူး ဗိုလ်မှူးဝင်းထွန်းအောင်နှင့် အရာရှိ/ စစ်သည်များ၊ တနင်္သာရီမြို့နယ်KNU ငြိမ်းချမ်း ရေးအဖွဲ့ ဥက္ကဌ ဖဒိုထူးစောနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုများမှ ပြည်သူ့စစ် အဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီ
ဒေသခံ ပြည်သူများ စုစုပေါင်းအင်အား(၃၀၀)ကျော်  ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

0 comments: