Monday, June 22, 2015

တနင်္သာရီမြို့နယ်၌ ဘိန်းစာပင် များအား စုပေါင်း အဖွဲ့ဖြင့် ခုတ်ထွင် ရှင်းလင်း မီးရှို့ ဖျက်ဆီး

တနင်္သာရီမြို့နယ်၌ ဘိန်းစာပင် များအား စုပေါင်း အဖွဲ့ဖြင့် ခုတ်ထွင် ရှင်းလင်း မီးရှို့ ဖျက်ဆီး

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူးစီမံချက် (ယင်းမာ) ကို လူထု လှုပ်ရှားမှု အသွင်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ တနင်္သာရီမြို့နယ် ဘန်လော ကျေးရွာအုပ်စု အရှေ့ သမီးလှ ကျေးရွာ အရှေ့တောင်ဘက် (၂) မိုင်ခန့် အကွာတွင် ဘိန်းစာပင်များ ပေါက်ရောက်လျက် ရှိကြောင်း သတင်းအရ အဆိုပါ ဘိန်းစာပင်များအား ခုတ်ထွင် ရှင်းလင်း မီးရှို့ဖျက်ဆီးခြင်းကို ၂၀၁၅ ခုနှစ် ၊ ဇွန်လ ၂၁ ရက်နေ့ နံနက် ပိုင်းတွင် တနင်္သာရီ မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း အသီးသီးတို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။






ထိုနေ့က ဖျက်ဆီးခဲ့သော ဘိန်းစာပင်များမှာ ပင်စည်လုံးပတ် (၈)လက်မ၊ အမြင့် (၁၈)ပေရှိ ဘိန်းစာပင် (၄၈၃)ပင်၊ လုံးပတ် (၅)လက်မ၊ အမြင့် (၁၂)ပေရှိ ဘိန်းစာပင် (၇၀)ပင် စုစုပေါင်း (၅၅၃)ပင်ဖြစ်ပြီး ဘိန်းစာရွက် အားလုံး၏ အလေးချိန်မှာ (၉၅၀)ကျော်ဖြစ်ကာ ဘိန်းစာရွက် အစို တစ်ကီလို ဂရမ်လျှင် (၁၆၂၅၀)ကျပ်နှုန်းဖြင့် စုစုပေါင်း တန်ဖိုး (၁၅၄)သိန်းကျော် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘိန်းစာပင်များအား ခုတ်ထွင် ရှင်းလင်း မီးရှို့ဖျက်ဆီးခြင်း ကို  တနင်္သာရီ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင် ဦးစီး ရဲတပ်ဖွဲ့ဝင်များ၊ တနင်္သာရီ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ၊ မြို့နယ် မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များ၊ KNU ငြိမ်းချမ်းရေး အဖွဲ့မှ နယ်မြေတာဝန်ခံ ဖဒိုဆေးကဲ ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ ဘန်လောကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွာသူ ရွာသားများ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁၅၀)ကျော်တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments: