Friday, June 19, 2015

မြိတ်မြို့နယ် အတွင်း၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စိတ်ကြွရူးသွပ် ဆေးပြား များ ဖမ်းဆီ ရမိ

မြိတ်မြို့နယ် အတွင်း၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စိတ်ကြွရူးသွပ် ဆေးပြား များ ဖမ်းဆီ ရမိ
-------------------------------------------------------------
၂ဝ၁၅ ခုနှစ် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံး မှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား အလေးထားသော အားဖြင့် လူထု လှုပ်ရှားမှု အသွင်ဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူး စီမံချက် (ယင်းမာ) ကို မေ ၂၆ ရက် မှ ဇွန် ၂၆ ရက် အထိ ဆောင်ရွက်လျက် ရှိရာ မြိတ်မြို့နယ် အတွင်းတွင်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသဖြင့် ၂၀၁၅ ခုနှစ် ဇွန်လ (၁၈) ရက်နေ့တွင် စိတ်ကြွ ရူးသွပ် ဆေးပြား ဖမ်းဆီးရ မိမှု (၂)မှု ဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ (၁၈-၆-၂၀၁၅) ရက်နေ့ နေ့လည် အချိန်တွင် မြိတ်မြို့မ ရဲစခန်းမှ အမှတ်(၁)နယ်မြေ ရဲကင်းမှူး  ဒုရဲအုပ် ရဲထွဋ်ကိုနှင့် အဖွဲ့သည် နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် မြင့်ဌေးနှင့်အဖွဲ့၊ အမှတ်(၂) နယ်မြေရဲကင်းမှ ဒုရဲအုပ် စည်သူလင်းနှင့်အဖွဲ့၊ အမှတ်(၃)နယ်မြေရဲကင်းမှ ရဲတပ်ကြပ်ကြီး ဇင်ယော်တို့ ပါဝင်သော ပူးပေါင်း အဖွဲ့ တို့သည် သက်သေများနှင့်အတူ  မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ လမင်းရပ်၊ ဗန္ဓုလ လမ်းသွယ်ရှိ ဇော်ဦး၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ထုတ်ပေးသော ၀င်ရောက် ရှာဖွေ ဖမ်းဆီးခွင့် ၀ရမ်း အမှတ်(၁၃/၂၀၁၅) ဖြင့် သွားရောက် ရှာဖွေ ဖမ်းဆီးခဲ့ရာ ဇော်ဦး(၂၈)နှစ် (ဘ)ဦးလှဝင်း၊  မပတ(မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ ကြက်မွေးမြူရေး လုပ်ငန်း၊ ဗန္ဓုလလမ်းသွယ်၊ လမင်းရပ်၊ ရေပုန်းနယ်မြေ၊ မြိတ်မြို့နေသူ နှင့် ၎င်းနေအိမ်အတွင်းရှိ ယောက်ဖတော် စပ်သူ ကျော်သူစိုး(ခ) ဖိုးအ(၂၃)နှစ်(ဘ) ဦးသန်းမြင့်၊  မပတ(မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊  ကြက်မွေးမြူရေး လုပ်ငန်း၊ ဗန္ဓုလလမ်းသွယ်၊ လမင်းရပ်၊ ရေပုန်းနယ်မြေ၊ မြိတ်မြို့နေသူ တို့ထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား တစ်ကီလို ဂရမ်လျှင် ကျပ်သိန်း(၅၀၀)၊ ဆေးပြား(၁)ပြားလျှင် (၅၀၀၀) ကျပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား (၃၆၁)ပြား၊ စုစုပေါင်း အလေးချိန်(၀.၀၃၆၁) ကီလိုဂရမ် လျှင် တန်ဖိုးငွေ (၁၈၀၅၀၀၀) ကျပ် - ဒေသပေါက်ဈေး)၊ ပလတ်စတစ်အိတ် အကြည်ရောင်ဖြင့် ထည့်လျက် တစ်ထုပ်လျှင် အလေးချိန်(၇၀) ဂရမ်ခန့်စီပါ  ဘိန်းစာမှုန့်ထုပ် (၆)ထုပ်နှင့် (၃၀)ဂရမ်ခန့်ပါ တစ်ထုပ်၊ စုစုပေါင်း အလေးချိန်(၀.၄၅) ကီလိုဂရမ်ခန့်၊ (ဘိန်းစာမှုန့်(၁) ကီလိုဂရမ်ခန့်လျှင် (၁)သိန်းကျပ်၊ စုစုပေါင်း အလေးချိန်(၀.၄၅) ကီလိုဂရမ်လျှင် တန်ဖိုးငွေ (၄၅၀၀၀)ကျပ်- ဒေသပေါက် ဈေး)နှင့် ဆက်စပ်ပစ္စည်းများ ဖြစ်သော (၂  x ၁) လက်မရှိ ပလတ်စတစ် အကြည်ရောင် ကပ်ခွာ အိတ်အလုံး (၅၀)ပါ တစ်ထုပ်၊ အပြာရောင် အအေးစုပ်ပိုက် (၂၀)ချောင်းပါ တစ်ထုပ်၊ အမည်းရောင် ကြွပ်ကြွပ်အိတ် တစ်လုံး  ရှာဖွေတွေ့ရှိသဖြင့် ဒုရဲအုပ် ရဲထွဋ်ကိုမှ သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။


ထိုသို့ မူးယစ်ဆေးဝါးများ ဖမ်းဆီး နေစဉ် ပိုင်စိုးသူ (၂၄)နှစ်(ဘ) ဦးကြည်ရှင်၊ ၆/မမန(နိုင်) ၂၀၃၀၁၉၊ မွတ်ဆလင်/ အစ္စလာမ်၊ ကျပန်းလုပ်၊ အမှတ်(၆၅)၊ အောင်ချမ်းသာလမ်း၊ မြို့သစ်(၃)ရပ်၊ မြိတ်မြို့နေသူသည် ဆိုင်ကယ်တစ်စီးဖြင့် ဇော်ဦး၏ ရောက်ရှိလာ၍ ပိုင်စိုးသူ၏ ခန္ဓာကိုယ်အား ရှာဖွေရာ ၎င်းဝတ်ဆင်သော ကော်ဖီ/ အမည်းရောင် ကွက်ကြားပါ ဒူးဖုံး ဘောင်းဘီတို ယာဘက်ရှေ့ အိတ်ကပ် အတွင်းမှ အသုံးမပြုရသေးသော ခဲပြားစတစ်ခု၊ ဆေးထိုးအပ် တစ်ချောင်း၊ အအေးစုပ်ပိုက် တစ်ချောင်းနှင့် နံပါတ်မပါ Wave ၁၁၀ အမျိုးအစား၊ အမည်းရောင် ဆိုင်ကယ် တစ်စီးနှင့် တွေ့ရှိရသဖြင့် ဆိုင်ကယ်ကိုပါ သက်သေများ ရှေ့တွင် ဒုရဲအုပ် ရဲထွဋ်ကို မှပင် ရှာဖွေပုံစံဖြင့် သိမ်းဆည်း ခဲ့သည်။

ထိုသို့ မူးယစ်ဆေးဝါးများ လက်ဝယ် ထားရှိ ရောင်းချ သုံးစွဲ ပူးပေါင်း ဆောင်ရွက်ကြသူများ ဖြစ်သော ဇော်ဦး၊ ကျော်သူစိုး(ခ) ဖိုးအ၊ ပိုင်စိုးသူ၊ ဥပဒေ အရ အရေးယူပေးပါရန် လ ၂၂၈၂၆၈ ဒုရဲအုပ် ရဲထွဋ်ကိုမှ တရားလို ပြုလုပ် တိုင်တန်းလာသဖြင့်  (၁၅-၆-၂၀၁၅)ရက်နေ့ (၁၇၄၀)အချိန်တွင် မြိတ်မြို့မရဲစခန်း၏ မယ(ပ)၄၀/၂၀၁၅၊ မူး / စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၁ဖြင အမှုဖွင့် ဆောင်ရွက်ပြီး အမှုအား လ  ၂၁၉၄၄၀ ဒုရဲအုပ် ညီမင်းထိုက်မှ စစ်ဆေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

အလားတူပင် (၁၈-၆-၂၀၁၅) ရက်နေ့ (၁၄၀၀) အချိန်တွင် မြိတ်မြို့မ ရဲစခန်းမှ ဒုရဲအုပ် စည်သူလင်းနှင့် အဖွဲ့သည် နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် မြင့်ဌေးနှင့်အဖွဲ့၊ အမှတ်(၁)နယ်မြေ ရဲကင်းမှ ဒုရဲအုပ် ရဲထွဋ်ကို နှင့် အဖွဲ့၊ အမှတ်(၃) နယ်မြေရဲကင်းမှ ရဲတပ်ကြပ်ကြီး ဇင်ယော်တို့ပါဝင်သော ပူးပေါင်းအဖွဲ့ တို့သည် သက်သေများနှင့် အတူ ရေပုန်းနယ်မြေ၊ လမင်းရပ်၊ ဗန္ဓုလ လမ်းသွယ်ရှိ ဇော်ဦး၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ ရောင်းချ နေကြောင်း သတင်းအရ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ထုတ်ပေးသော မူးယစ်ဆေးဝါး ရောင်းချသည့် နေအိမ်သို့ ၀င်ရောက် ရှာဖွေဖမ်းဆီးခွင့် ၀ရမ်းအမှတ် (၁၃/၂၀၁၅)ဖြင့် သွားရောက် ရှာဖွေ ဖမ်းဆီးလျက် ရှိစဉ် ဇော်ဦး၏ နေအိမ်သို့ မူးယစ်ဆေးဝါးများ ရောင်းဝယ်ရန် အတွက် မျိုးလွင် (၂၈)နှစ် (ဘ) ဦးထွန်းရွှေ၊ ၆/မမန(နိုင်) ၁၁၃၄၃၃၊ ဗမာ/ဗုဒ္ဓ၊ ကျပန်းလုပ်၊ တံမြက်စည်းရုံလမ်း၊ အောင်ချမ်းသာရပ်၊ ရေပုန်း နယ်မြေ၊ မြိတ်မြို့နေသူသည်


ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာသောကြောင့် ဇော်ဦး၏ နေအိမ်ရှေ့ လမ်းမပေါ်တွင် မျိုးလွင်၏ ကိုယ်ခန္ဓာနှင့် ဆိုင်ကယ်တို့အား ရှာဖွေရာ၌ မျိုးလွင် မောင်းနှင်လာသော ဆိုင်ကယ်ဖင်ထိုင်ခုံ အံဝှက် အတွင်းမှ လိမ္မော်ရောင် လက်ဆွဲအိတ် အတွင်း ထည့်လျက် အပြာရောင် ပလတ်စတစ်ကပ်ခွာ အိတ်ဖြင့် ထည့်လျက် WY စာတန်းပါ ပန်းရောင်နှင့် အနီရောင် စိတ်ကြွရူးသွပ် (၃၉၁)ပြား၊ စုစုပေါင်း အလေးချိန်(၀.၀၃၉၁) ကီလိုဂရမ် ၊ (၁)ကီလိုဂရမ်လျှင် တန်ဖိုးငွေ (၁၉၅၅၀၀၀)ကျပ် - ဒေသ ပေါက်ဈေး)၊ အဖြူရောင် ပလတ်စတစ်ကော်ဗူး အတွင်း ထည့်လျက် အလေးချိန်(၁၀) ဂရမ်ခန့်ပါရှိသော ဘိန်းစာမှုန့်ဗူး တစ်ဗူး (ဘိန်းစာမှုန့် (၁) ကီလိုဂရမ်ခန့်လျှင် (၁)သိန်းကျပ်၊ စုစုပေါင်း အလေးချိန်(၀.၀၁) ကီလိုဂရမ်လျှင် တန်ဖိုးငွေ (၁၀၀၀)ကျပ်) နှင့် ဆက်စပ်ပစ္စည်းများ၊ နံပါတ်မပါ Click  ၁၂၅ အမျိုးအစား၊ အဖြူ/အမည်း ရောင်ဆိုင်ကယ် တစ်စီးအား ရှာဖွေတွေ့ရှိ၍ ဒုရဲအုပ် စည်သူလင်းမှ သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး  မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ ရောင်းချ သုံးစ ပူးပေါင်း ဆောင်ရွက်သူ မျိုးလွင်အား ဥပဒေအရ အရေးယူပေးပါရန် လ ၂၀၀၀၁၅ ဒုရဲအုပ် စည်သူလင်းမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့်  (၁၈ -၆-၂၀၁၅) ရက်နေ့ (၁၇၄၅) အချိန်တွင် မြိတ်မြို့မ ရဲစခန်း၏ မယ(ပ) ၄၁/ ၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်လှစ်ပြီး အမှုအား လ  ၂၁၉၄၄၀ ဒုရဲအုပ် ညီမင်းထိုက်မှ စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။.

အဆိုပါ ( ယင်းမာ ) မူးယစ် ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး စီမံချက်ကို ထုတ်လုပ်မှု လျှော့ချရေးနှင့် သုံးစွဲမှု လျှော့ချရေး အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ပြီး မူးယစ်ဗဟို၊ အစားထိုး အကောင်အထည် ဖွံ့ဖြိုးမှု အကောင်ထည်ဖော်ရေး အဖွဲ့၊ သီးနှံများ အစားထိုး ဖွံ့ဖြိုးရေး အဖွဲ့၊ မွေးမြူရေး အဖွဲ့ (တိမွေးကု)၊ ကျန်းမာရေး အဖွဲ့ (ဆေးကုသရေး)၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး၊ ကျောင်းသား လူငယ်များ အသိပညာပေးရေးအဖွဲ့၊ ပြည်သူများအား အသိပေး ပညာရေး နှိုးဆော်ရေး အဖွဲ့၊ ထိန်းချုပ် ဓာထု ပစ္စည်းများ ကြည့်ကြပ်ရေး အဖွဲ့၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အဖွဲ့များက ပူးပေါင်း၍ ဆောင်ရွက်ခြင်း ဖြစ်သည်။

မြိတ်မြို့နယ် အတွင်း၌လည်း အဆိုပါ စီမံချက်အရ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများနှင့် အလွဲသုံးမှုများအား တွေ့ရှိပါက မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ( ဖုန်း - ၀၉၄၉၈၉၈၈၈၄ ) ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (ဖုန်း - ၀၅၉- ၄၁၀၄၁) ၊ မြိတ်မြို့ မြို့မရဲတပ်ဖွဲ့စခန်း (ဖုန်း - ၀၅၉- ၄၁၀၀၉) တို့အား ဆက်သွယ် သတင်းပေး တိုင်ကြားနိုင်ကြောင်း သိရှိသည်။


0 comments: