Friday, January 16, 2015

ဥပဒေကို မသိနားမလည်ရုံမျှနှင့် ဥပဒေက သင့်ကို ခွင့်လွှတ်လိမ့်မယ် မဟုတ်


((( မြိတ်လေယာဉ်ကွင်း ပြေးလမ်း အတွင်း ၀င်ရောက် ဆိုင်ကယ် စီးနင်းသူများအား ထောင်ဒဏ် (၆)လ ပြစ်ဒဏ် ချမှတ် )))
--------------------------------------------------------------------------- 
မြိတ်မြို့ လေယာဉ်ကွင်း ပြေးလမ်း အတွင်း ၀င်ရောက်ပီး မော်တော် ဆိုင်ကယ် စီးနင်းသူ (၂)ဦးအား တားမြစ် ဧရိယာ အတွင်း ၀င်ရောက်ခဲ့သူများ ဖြစ်၍ ပြစ်မှုပုဒ်မ (၁၈၈)ကို ကျူးလွန်သူများ ဖြစ်သောကြောင့် မြိတ်မြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် (၆)လစီ ကျခံစေရန် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် အမိန့်ချမှတ် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၁၅)ရက်နေ့ နံနက် (၇)နာရီ (၄၅) မိနစ် အချိန်ခန့်တွင် မြိတ်မြို့ မြိတ်တောင် နယ်မြေ ဇေယျာသီရိ (၃)ရပ်ကွက် ခေမာလမ်းတွင် နေထိုင်သော ရဲနိုင် အသက် (၁၉)နှစ် ၊ (အဘ) ဦးကျော်အေး မောင်းနှင် လာသည့် ဆိုင်ကယ် အမှတ် ၃၆ယ/………. ဗီယက်နမ် နိုင်ငံထုတ် Wave အမျိုးအစား အဖြူရောင် ဆိုင်ကယ်သည် နောက်တွင် မြိတ်မြို့ ရေပုန်းနယ်မြေ ငြိမ်းချမ်းရေး (၄)လမ်းတွင် နေထိုင်သူ မင်းထိုက် (၂၆) နှစ် (ဘ) ဦးခွေး လိုက်ပါလျက် မြိတ်တောင် ကျေးရွာ ကုန်းဖောက်ရပ် ထူးထူးတိုး ကြက်ခြံ အရှေ့မှ တောထွင်ကြီးရွာ သွားလမ်းအတိုင်း ဆိုင်ကယ်အား မောင်းနှင် လာပြီး လေယာဉ်ကွင်း တောင်ဘက် လေယာဉ် ပြေးလမ်းထိပ် မှ လေယာဉ်ပြေးလမ်း အသစ် ဖောက်လုပ်နေသည့် ပြေးလမ်း အသစ် အတိုင်း ၀င်ရောက် လာကာ လေယာဉ်ကွင်း ပြေးလမ်းအား ဖြတ်၍ လေဆိပ် အဆောက်အဦး ဘက်သို့ ရောက်ရှိလာစဉ် လေဆိပ် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေး တွေ့ရှိ ရသဖြင့် ဖမ်းဆီး အရေးယူ ခဲ့ကြောင်း သိရသည်။


ဆိုင်ကယ် မောင်းနှင်သူ ရဲနိုင်နှင့် ဆိုင်ကယ် အနောက်တွင် ထိုင်လိုက် ပါခဲ့သူ မင်းထိုက် တို့သည် မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည့် '' မြိတ်မြို့ လေယာဉ်ကွင်း ၀င်းအတွင်းသည် ကန့်သတ်နယ်မြေ ဖြစ်သည့် အတွက် တာဝန် မရှိဘဲ အကြောင်းမဲ့ ၀င်ရောက်ခြင်း မပြုရန် "" ဟု တားမြစ် ထားသည့် ဧရိယာ အတွင်း ၀င်ရောက်ခဲ့သူများ ဖြစ်၍ ပြစ်မှု ပုဒ်မ ၁၈၈ ကို ဖောက်ဖျက် ကျူးလွန် သောကြောင့် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းမှ တရားလို ပြုလုပ်ကာ မြိတ်မြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက် တရားစွဲ ဆိုခဲ့ရာ၌ မြိတ်မြို့နယ် တရားရုံး၏ ပြစ်မှုကြီး အမှတ် (၂၆၄/ ၂၀၁၅)ဖြင့် လက်ခံ စစ်ဆေးပြီး မြိတ်မြို့နယ် တရားသူကြီး ဦးဝင်းတင့်မှ ပြစ်မှု ပုဒ်မ ၁၈၈ အရ အလုပ်နှင့် ထောင်ဒဏ် (၆)လ စီ ကျခံရန် အမိန့် ချမှတ် ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆိုင်ကယ် မောင်းနှင်သူ ရဲနိုင်တွင် ယာဉ်မောင်း လိုင်စင် မရှိဘဲ ဆိုင်ကယ်အား မောင်းနှင် သောကြောင့် မြိတ်လေဆိပ် ရဲကင်းမှူး ရဲအုပ် မျိုးသန့်မှ တရားလို ပြုလုပ် တိုင်တန်းရာ မြိတ်မြို့နယ် တရားရုံးမှ ပြစ်မှုကြီးအမှတ် ၊ ၂၆၃/ ၂၀၁၅ ဖြင့် လက်ခံစစ်ဆေးပြီး မော်တော်ယာဉ် အက်ဥပဒေ ပုဒ်မ ၂၁ အရ ဒဏ်ငွေ (၅၀၀)ကျပ် ပေးဆောင်စေရန် အမိန့်ချမှတ် ခဲ့သည်။

ထိုသို့ လေယာဉ်ကွင်း ပြေးလမ်း ပေါ်တွင် မော်တော်ဆိုင်ကယ် စီးနင်း၍ အရေးယူသည့် ကိစ္စနှင့် ပတ်သက်၍ မြိတ်မြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ''' မြိတ်လေယာဉ်ကွင်းဟာ တစ်နေ့မှာ လေယာဉ် အတက် အဆင်း အနည်းဆုံး (၄)ကြိမ်လောက် ရှိပါတယ်။ ပြေးလမ်းပေါ်မှ ဆိုင်ကယ် တက်မောင်း တာဟာ လေယာဉ်နဲ့ ဆိုင်ကယ် တိုက်မိရင် လေယာဉ် အတွက်ရော မောင်းတဲ့သူရော လေယာဉ် ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေ အားလုံး ရဲ့ အသက် အန္တရာယ် အတွက် စိုးရိမ် ရတဲ့အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းက ကန့်သတ် နယ်မြေ အဖြစ် တာဝန်ရှိသူမှ လွဲပြီး ၀င်ရောက်ခြင်း မပြုနိုင်အောင် တားမြစ် ထားတဲ့ ဧရိယာပါ။ မြိတ်သူ မြိတ်သားတွေ အနေနဲ့ ဘယ်လို အကြောင်းနဲ့မှ လေယာဉ် ပြေးလမ်းပေါ် ဆိုင်ကယ် မောင်းနင်ခြင်း မပြုသင့် ပါဘူး ။ မောင်းနင်တဲ့ အတွက် တွေ့ရှိရင်လဲ ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်သွားမှာပါ။ ဥပဒေကို မသိ နားမလည်ရုံမျှနှင့် ဥပဒေက ခွင့်လွှတ်လိမ့်မယ် မဟုတ်    ပါဟု ``` မှတ်ချက်ပြု ပြောကြား ခဲ့သည်။

0 comments: