Thursday, January 22, 2015

မြိတ်မြို့ အထက (နောက်လယ်)နှင့် အထက(ခွဲ) အုန်းတော ကျောင်းများသို့ ကွန်ပျူတာနှင့် ရေပူ ရေအေး စက်များ လှူဒါန်း၊ ပညာသင် ထောက်ပံ့ကြေး ပေးအပ်

မြိတ်မြို့ အထက (နောက်လယ်)နှင့် အထက(ခွဲ) အုန်းတော ကျောင်းများသို့ ကွန်ပျူတာနှင့် ရေပူ ရေအေး စက်များ လှူဒါန်း၊ ပညာသင် ထောက်ပံ့ကြေး ပေးအပ်
-----------------------------------------------------------


တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်နှင့် ပြည့်ဖြိုးထွန်း ကုမ္ပဏီ၊ ရွှေမြန်အောင် ကုမ္ပဏီ တို့မှ မြိတ်မြို့ မြိတ်မြို့ အထက (နောက်လယ်)နှင့် အထက(ခွဲ) အုန်းတော ကျောင်းများသို့ ကွန်ပျူတာနှင့် ရေပူ ရေအေး စက်များ၊ ပညာသင် ထောက်ပံ့ကြေးများ ပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို မြိတ်မြို့ အထက (နောက်လယ် ) ခန်းမဆောင်တွင် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၂၂) ရက်နေ့ နံနက် (၉)နာရီ အချိန် ကျင်းပပြုလုပ်ရာ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး နှင့် ဇနီး ၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ မြိတ်ခရိုင် ပညာရေးမှူး ဦးကြည်သန်းနှင့် ကျောင်းအုပ်ကြီး များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့သည်။




အခမ်းအနား မစတင်မီ ရေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၁၄) ခုနှစ် သင်တန်း လှုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံများအား ပရိုဂျက်တာဖြင့် ပြသခဲ့သည်။ ထိုနောက် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး က ကွန်ပျူတာနှင့် ရေပူရေအေးစက်များ လှူဒါန်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားသည်။

ထိုနောက် အထက ကျောင်းများ အတွက် ကွန်ပျူတာနှင့် ရေပူရေအေးစက်များ ပေးအပ်လှူဒါန်းရာ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး နှင့် ဇနီး တို့က အထက (နောက်လယ်) ကျောင်းအတွက် ကွန်ပျူတာ (၁)စုံနှင့် ရေပူ ရေအေးစက် (၄)လုံးအား လည်းကောင်း၊ အထက(ခွဲ) (အုန်းတော)ကျောင်းအတွက် ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်း (၁)စုံအား လည်းကောင်း ပေးအပ်လှူဒါန်းရာ အထက (နောက်လယ် ) ကျောင်းအုပ်ကြီးနှင့် မြိတ်ခရိုင် ပညာရေးမှူးတို့က လက်ခံ ရယူသည်။ 

ဆက်လက်ပြီး ရေကြောင်း လူငယ်သင်တန်း (၁/၂၀၁၄) ဆောင်းပါးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသော အထက(ခွဲ) (အုန်းတော) ကျောင်းမှ အဌမတန်း ကျောင်းသူ မတိုးနန္ဒ၀င်းအား ပညာသင် ထောက်ပံ့ကြေး အား  ဌာနချုပ်မှူး နှင့် ဇနီး တို့မှ ပေးအပ်သည်။ 

ပြီးနောက် ပြည့်ဖြိုးထွန်း ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးလှသန်းနှင့် ဇနီး ဒေါ်ခင်သန်းရီတို့မှ အထက (နောက်လယ်) အတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း (၃) စုံ၊ အထက(ခွဲ) အုန်းတောကျောင်း အတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း (၃)စုံစီကိုလည်းကောင်း၊ ရွှေမြန်အောင် ကုမ္ပဏီမှ ဦးဟုန်နုနှင့် ဇနီး ဒေါ်စန်းစန်းရီ တို့က အထက (နောက်လယ်) အတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း (၁) စုံ၊ အထက(ခွဲ) အုန်းတောကျောင်း အတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း (၁)စုံစီကို လည်းကောင်း ပေးအပ်လှူဒါန်းရာ အထက (နောက်လယ် ) ကျောင်းအုပ်ကြီးနှင့် မြိတ်ခရိုင် ပညာရေးမှူး တို့က လက်ခံ ရယူရယူကြောင်း သတင်း ရရှိသည်။







0 comments: