Saturday, January 3, 2015

မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀)ပြား ဖမ်းဆီးရမိ

 မြိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀)ပြား ဖမ်းဆီးရမိ
-------------------------------
၂၀၁၅ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ ညနေ (၆း၂၀)အချိန်ခန့် မြိတ်ခရိုင် မှုခင်း အကူ အဖွဲ့မှ ရဲအုပ် ချိုလွင်နှင့် တပ်ဖွဲ့ဝင်များသည် မြိတ်မြို့၊ ကလွင်ကျေးရွာ အုပ်စု၊ ရှမ်းချောင်းရပ်ကွက်၊ ရှမ်းချောင်း ဈေးလမ်းရှိ ရှမ်းချောင်းဈေး အနောက်ဖက် တွင် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက်ခဲ့ရာ မြိတ်မြို့၊ ကန်ကြီး နယ်မြေ၊ ကွက်သစ် ရပ်ကွက်၊ (စီ)လမ်း၊ အမှတ် (၇၂)နေ အောင်စိုးသူ၊ အသက် (၃၂)နှစ်၊ (ဘ) ဦးစိုးမြင့်အား တွေ့ရှိ၍ စစ်ဆေး ရှာဖွေစဉ် အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်လျက် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား (၁၉၈)ပြားစီနှင့် အစိမ်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား (၂)ပြားစီ၊ စုစုပေါင်း WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၂၀၀)ပြားစီပါ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ် (၂)လုံး၊ စုစုပေါင်း WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၄၀၀)ပြား၊ စုစုပေါင်း အလေးချိန် (၀.၀၄) ကီလိုဂရမ်ခန့် သိမ်းဆည်း ရမိခဲ့သည်။ 


ထိုသို့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ အောင်စိုးသူအား မြိတ်မြို့မ ရဲစခန်း မယ (ပ) ၁/၂၀၁၅ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၉ (က)/၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထား ရှိကြောင်း သတင်း ရရှိသည်။

0 comments: