ကုန်လှေတစ်စင်း နစ်မြုပ်၊ တပ်မတော်(ရေ)မှ လှေလုပ်သား များအား ကယ်ဆယ်
နေပြည်တော် ဇန်နဝါရီ ၂၉
တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့အနီးက လွင်မီးပြ၏ အနောက်မြောက်ဘက် ၂မိုင်ခန့်တွင် ကုန်လှေတစ်စင်း နစ်မြုပ်သွားကြောင်း သတင်းအရ ဇန်နဝါရီ ၂၄ရက် မွန်းလွဲ ၁နာရီ မိနစ် ၂ဝခန့်တွင် မြိတ်ဆိပ်ကမ်း၌ လုံခြုံရေး တာဝန် ထမ်းဆောင်နေသော တပ်မတော်(ရေ)မှ စစ်သည်များက လှေနစ်မြုပ်ရာ နေရာသို့ သွားရောက်၍ နစ်မြုပ် လှေပေါ်ပါ လှေသား ၁ဝဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
မြ၀တီ သတင်းစာ
0 comments:
Post a Comment