Wednesday, January 21, 2015

မြိတ်မြို့ ဌာနဆိုင်ရာ လှုပ်ရှားမှု သတင်းများ


မြိတ်တက္ကသိုလ်တွင် ယာဉ်စည်းကမ်းလမ်းကမ်းနှင့် မှုခင်းပညာပေးတွေ့ဆုံဆွေးနွေး

ယာဉ်အန္တရာယ် ကင်းဝေးစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို သိရှိနားလည် လိုက်နာစေရေးနှင့် မှုခင်းပညာပေး တွေ့ဆုံ ဆွေးနွေးခြင်းကို ဇန်န၀ါရီလ (၂၀)ရက်၊ နံနက်()နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တက္ကသိုလ်ဘွဲ့နှင့် သဘင်ခန်းမ၌ ပြုလုပ်ရာ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း နှင့် မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစီစီလှဘူးတို့က ယာဉ်အျန္တရာယ် ကင်းဝေးရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန် အမှာစကားပြောကြားသည်။

ထိုနောက် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအကြောင်းနှင့် မြိတ်လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စိတ်မှူး ဒုရဲမှူးသက်ဦးက လူကုန်ကူးမှုဆိုင်ရာ ဖြစ်စဉ်များနှင့် ပတ်သက်သည်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြိတ်ခရိုင် ဥပဒေအရာရှိ ဦးလှထွန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာများ၊ မြိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးစံသိန်းမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် မော်တော်ယာဉ်ဥပဒေများအကြောင်း၊ ယာဉ်ထိန်း တပ်ဖွဲ့မှူး ဒုရဲမှူးမောင်မျိုးမှ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာရမည့် အချက်များကို ဆွေးနွေးပြောကြား သည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တက္ကသိုလ်ကျောင်းသားကျောင်းသူများမှ ယာဉ်စည်းကမ်းလမ်း စည်းကမ်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြိတ် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများအား ၀က်သက်ရောဂါနှင့် ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင် ကျောင်းအခြေပြု အသက်()နှစ်မှ အသက်(၁၅)နှစ်ထိ ကျောင်းနေကလေးလူငယ်များအား စာသင်ကျောင်းများ၌ ၀က်သက်ရောဂါနှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက် ထိုးနှံပေးခြင်းလုပ်ငန်းကို ဇန်န၀ါရီလ(၁၉)ရက်မှစ၍ စတင်ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးအခမ်းအနားကို ဇန်န၀ါရီလ(၁၉)ရက်၊ နံနက်(၇း၃၀)တွင် မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ အမက(မြစ်ငယ်)ကျောင်း၌ ပြုလုပ်ရာ ရှေးဦးစွာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြိတ်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးအရာရှိ ဒေါက်တာယုယုဝေက ကာကွယ်ဆေးထိုးမည့် အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ထိုနောက် အခန်းအနားသို့ တက်ရောက်လာကြသူများက အထက()ကျောင်းမှ ကျောင်းသားကျောင်းသူ (၂၅၂၄)ဦးအား ၀က်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးကြပြီး ကျောင်းသား ကျောင်းသူများ ဆေးမထိုးမီ ကျန်းမာရေးအခြေအနေကို စစ်ဆေးခြင်း ဆေးထိုးပြီး မူးဝေခြင်း၊ ဆေးမတည့်ခြင်းများဖြစ်ပေါ်မှု ရှိမရှိကို မီနစ်(၃၀)ကြာထိ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဆရာမများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ဂရုတစိုက်စောင့်ကြည့် စစ်ဆေးပေးကြသည်။

အဆိုပါကာကွယ်ဆေးထိုးခြင်း ပထမအဆင့်အနေဖြင့် မြိတ်မြို့တွင် ပညာရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စာသင်ကျောင်းများ၊ ပုဂ္ဂလိက စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းများ စုစုပေါင်းကျောင်း(၁၅၃)ကျောင်းရှိ ကျောင်းသား ကျောင်းသူ (၅၅၆၃၅)ဦးကို ကာကွယ် ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့ ၀ဋံတက နာရေးကူညီမှုအသင်း ပရဟိတလုပ်ငန်းများအတွက် နာရေးဝန်ဆောင်မှုပစ္စည်းများ လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မဟာသိဒ္ဒိအောင်ပရိယတ္တိစာသင်တိုက်တွင် ပရဟိတလုပ်ငန်းများတွင် အထောက်အပံ့ဖြစ်စေရန်အတွက် ကိုအောင်ကျော်မြင့် မအိအိလင်း မိသားစု(ရတနာမိုးပြည့်ထွန်းကုမ္ပဏီ)မှ ဇန်န ၀ါရီလ(၁၈)ရက်၌ (၁၃)ကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ အလှူတွင် ပရဟိတလုပ်ငန်းဝန်ဆောင်မှုပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လှူဒါန်းပွဲတွင် ရှေးဦးစွာ အလှူရှင်မိသားစုနှင့် တက်ရောက်လာကြသူများက မြိတ်မြို့ ရတနာ့ ဂုဏ်ရည်ရိပ်သာကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များထံမှ ပရိတ်တရား တော်များနာယူကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။ ထိုနောက် အလှူရှင် ကိုအောင်ကျော် မအိအိလင်း မိသားစုမှ ၀ဋံတက နာရေးကူညီမှုအသင်း ပရဟိတလုပ်ငန်းများအတွက် စုစုပေါင်း(၂၃၅)သိန်းတန်ဖိုးရှိ အလျား(၆၀)ပေ၊ အနံ(၂၅)ပေရှိ အဆောက်အဦ ()လုံး၊ နိဗ္ဗာန်ယာဉ်()စီး၊ အလျား(၂၀)ပေ အနံ(၁၄)ပေရှိ မဏ္ဍပ်()ခု၊ မီးစက်()လုံး၊ အအေးခန်းတလား ()လုံးနှင့် နောက်လယ်ရပ် ၀ံသာနုအသင်းအတွက် (၁၅)သိန်းတန်ဖိုးရှိ အအေးခန်းတလား()လုံးတို့ကို လှူဒါန်း ပေးအပ်ခဲ့သည်။

ဆက်လက်၍ ရတနာ့ ဂုဏ်ရည်ရိပ်သာကျောင်း ဆရာတော်ထံမှ အနုမောဒနာ တရားများ နာယူကြကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်း၍ ဧည့်ပရိတ်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ၀န်ထမ်းများ ရုံးလုပ်ငန်း စီမံခန့်ခွဲမှု သင်တန်း(/၂၀၁၅) ဆင်းပွဲ အခမ်းအနား ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများ ရုံးလုပ်ငန်း စီမံခန့် ခွဲမှု ကျွမ်းကျင်မှုရှိရန် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် ဌာနတွင်းသင်တန်းများ ပို့ချလျက် ရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီး အတွင်းရှိ ၀န်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားစေရေးအတွက် ရုံးလုပ်ငန်းများ စီမံခန့်ခွဲမှုသင်တန်း (/၂၀၁၅) ဆင်းပွဲ အခမ်အနားကို ဇန်န၀ါရီလ(၁၇)ရက် နေ့လယ်()နာရီက မြိတ်ခရိုင်ရုံးတွင် ကျင်းပသည်။

ရှေးဦးစွာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ယင်း နောက် တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နီနီချိုက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းတွင် ထူးချွန် ဆုရရှိသူများအား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး တိုင်း ဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။

သင်တန်းတွင် တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး / ခရိုင် /မြို့နယ်ရုံးများမှ ၀န်ထမ်း(၃၈)ဦး တက် ရောက်ခဲ့ပြီး သင်တန်းကို ဇန်န၀ါရီလ(၁၁)ရက်မှ(၁၇)ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး တိုင်းဒေသကြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီချို ကော့သောင်းခရိုင် ဦးစီးအရာရှိ ဒေါ်ကြင်ကြင်သန်းနှင့် ရေဖြူမြို့နယ်ရုံး ဦးစီးမှူး ဒေါ်ဖြူဖြူရှိန်တို့က နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ မူဝါဒ များ၊ ၀န်ကြီးဌာန၏ ရည်မှန်းချက် တာဝန်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ တတိယအဆင့် အရှိန်မြှင့်တင်မှု လုပ်ငန်းများ၊ ၀န်ထမ်းစည်းကမ်းနှင့် ကျင့်ဝတ်၊ သတင်းရေးသားပေးပို့ခြင်းနှင့် Social media ဘာသာရပ်၊ လူထုဟောပြောခြင်းဘာသာရပ်၊ ငွေစာရင်းထိန်းသိမ်းခြင်း လချုပ်ဆောင်ရွက်ခြင်း ဘာသာရပ်၊ စာကြည့်တိုက် ပညာဘာသာရပ်၊ စာစုလုပ်ငန်း စာပြုလုပ်ငန်း ဘာသာရပ်၊ စာရွက်စာတမ်း ထိန်းသိမ်းခြင်း ဘာသာရပ်၊ ရုံးလုပ်ငန်းနှင့် လုပ်ငန်း စီမံချက် ရေးဆွဲခြင်း ဘာသာရပ်များ၊ အခြေခံစာကြည့်တိုက် ပညာဘာသာရပ်၊ နံရံကပ်၊ ပြခန်း၊ လက်ကမ်းစာစောင် လက်တွေ့ ဆောင်ရွက်ခြင်းများကို သင်ကြား ပို့ချပေးခဲ့ကြောင်း သိရှိ ရသည်။

မြိတ်အကျဉ်းထောင်တွင် အခြေခံစာတတ်မြောက်ရေး (အ)သုံးလုံးသင်တန်း၊ စက်ချုပ်သင်တန်း နှင့် ဆံသသင်တန်း ဆင်းပွဲ ကျင်းပ

အကျဉ်းဦးစီးဌာန မြိတ်အကျဉ်းထောင်မှ ကြီးမှူး၍ မြိတ်အကျဉ်းထောင်တွင် အကျဉ်းကျနေသော အကျဉ်းသား/သူများအား ပြစ်ဒဏ်ကာကုန်ဆုံး၍ လွတ်မြောက်သွားသောအခါ အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုခု တတ်မြောက်စေရန်၊ တတ်မြောက်ခဲ့သောပညာရပ်ဖြင့် မိမိ၏မိသားစုအား ကောင်းမွန်စွာ အသက်မွေးဝမ်းကြောင်းဖြင့် လုပ်ကိုင်ကျွေးမွေး စောင့်ရှောက်နိုင်ရန်၊ စာပေလုံးဝသင်ကြားခဲ့ရခြင်းမရှိသည့် အကျဉ်းသားများအား စာရေးစာဖတ်တတ်စေရန်၊ အကျဉ်းထောင်မှ လွှတ်မြောက်သည့် အခါတွင်လည်း သိရှိတတ်မြောက်ခဲ့သည့် အခြေခံစာပေပညာဖြင့် လူမှုပတ်ဝန်းကျင်တွင် စီးပွားရေး၊ လူမှုရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် တန်းတူညီမျှ လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ ဖွင့်လစ်ခဲ့သော အခြေခံစာတတ်မြောက်ရေး (အ)သုံးလုံးသင်တန်း၊ စက်ချုပ်သင်တန်းနှင့် ဆံသသင်တန်းဆင်းပွဲကို ဇန်န၀ါရီလ (၁၈)ရက် နံနက်(၈)နာရီက မြိတ်အကျဉ်းထောင်တွင် ကျင်းပသည်။
ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းနှင့် မြိတ်အကျဉ်းထောင် တာဝန်ခံ ထောင်မှူး ဦးညွှန့်ဝင်း တို့က အမှာစကားနှင့် ဆုံးမ သြ၀ါဒများ ပြောကြားခဲ့ကြသည်။ ထိုနောက် အခြေခံ စာတတ်မြောက်ရေး (အ)သုံးလုံး သင်တန်း၊ စက်ချုပ် သင်တန်းနှင့် ဆံသ သင်တန်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော အကျဉ်းသားများအား မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ် ချီးမြှင့် ခဲ့ကြသည်။ အဆိုပါ အခြေခံ စာတတ်မြောက်ရေး (အ)သုံးလုံး သင်တန်းကို သင်တန်းသား(၂၀)ဦးဖြင့် ရက်သတ္တ (၈) ပတ်ဖြင့် ဖွင့်လှစ်ခဲ့၍ စက်ချုပ်သင်တန်းနှင့် ဆံသသင်တန်း တို့တွင် သင်တန်းသား (၁၀) ဦးစီ ကို ရက်သတ္တ (၈) ပတ်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ 

မြိတ်ပြန်ဆက် 

0 comments: