Wednesday, February 5, 2014

မြိတ်မြို့၌ ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြု ကုန်းဖောက် ကွန်ကရစ် တံတားဖွင့်ပွဲကျင်းပ




၆၇နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် မြိတ်ခရိုင် မြိတ်မြို့ မြိတ်တောင် ကျေးရွာအုပ်စု အင်းလေးမြိုင် ရပ်ကွက် သုခလမ်းထိပ်တွင် ပြည်သူများ သွားလာရေး လွယ်ကူချောမွှေ့စေရေး အတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောက်လုပ် ပြီးစီးသော ကုန်းဖောက် ကွန်ကရစ် တံတားသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီလ ()ရက် နံနက်(၁၀) နာရီက အဆိုပါ တံတား၌ ကျင်းပရာ တနင်္သာရီတိုင်း ဒေသ ကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင် တိုင်းဒေသကြီး စီမံ/ စီးပွါးဝန်ကြီး ဦးသိန်းလွင်၊ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာ ကျော်ဆန်း၊ စိုက်ပျိုး/ မွေးမြူရေးဝန်ကြီး ဒေါက်တာ ၀င်းအောင်၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသနေ ပြည်သူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ကုန်းဖောက် ကွန်ကရစ် တံတားသစ်နှင့် ပတ်သက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်လွင်ထွန်းက ရှင်းလင်းပြောကြားပြီး ဒေသခံ ပြည်သူ ဦးအေးသန့်က ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကျော်ဆန်း၊ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် မြိတ်မြို့နယ် စည်ပင်သာယာရေး ဥက္ကဌ ဦးမောင်လေးတို့က တံတားသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုမှ တံတားသစ် မုဒ်ဦးအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။

ထိုနောက် ၀န်ကြီးချုပ်နှင့် တက်ရောက် လာကြသူများက တံတားသစ်အား လမ်းလျှောက် ကြည့်ရှု စစ်ဆေးကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။ အဆိုပါ တံတားသစ်သည် အလျား(၁၀၀)ပေ၊ အကျယ်(၂၀) အမြင့်(၁၅) ပေရှိပြီး ကုန်ကျငွေ ကာလ တန်ဖိုးငွေ ကျပ် သိန်း(၉၅၀)ခန့် ရှိကြောင်း သိရသည်
မြိတ် ပြန်ဆက်

0 comments: