Wednesday, February 5, 2014

တနသာင်္ရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ပထက်ကျေးရွာ မီးဘေးသင့် ပြည်သူ များအား ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်


ကျွန်းစုမြို့နယ် ပထက်ကျေးရွာ၌ ဖေဖော်ဝါရီလ ()ရက် နံနက် (၁၁း၃၀)အချိန်ခန့်တွင် ပထက် ကျေးရွာ လုံးချင်းအိမ်ရာ မီးဘေးသင့် ပြည်သူ များအား တနသာင်္ရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ သွားရောက်အား ပေး စကား ပြောကြားပြီး ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါ ပေးအပ်ရာသို့ တနသာင်္ရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀င်စီမံ/စီးပွားဝန်ကြီး ဦးသိန်းလွင်၊ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး ဒေါက်တာဝင်းအောင်၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ကျွန်းစုမြို့နယ်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးငြိမ်းထွေးနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြသည်။

ရှေးဦးစွာ တနသာင်္ရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုက ပထက်ကျေးရွာ မီးဘေးသင့် အိမ်ထောင်စု     ( ၉၆ ) စုမှ ပြည်သူ များအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ()သိန်းနှုန်းဖြင့် (၉၆)သိန်းကို လည်းကောင်း၊ ဆန်(၉၆)အိတ်၊ ဆီ(၄၈၀) ပိသာကို လည်းကောင်း ပေးအပ်ရာ မီးဘေးသင့် ပြည်သူ တစ်ဦမှ လက်ခံယူခဲ့သည်။ ထိုနောက် ၀န်ကြီးချုပ်မှ မီးဘေးသင့် ပြည်သူ များအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေး ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ပထက် အစိုးရ အထက်တန်းကျောင်း၏ ပညာသင်ကြားနေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးပြီး ကျောင်းအုပ်ဆရာကြီးအား တွေ့ဆုံ၍ အခက်အခဲမေးမြန်းပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တွင် တက္ကသိုလ် ၀င်တန်းကျောင်းသားများ အောင်ချက်မြင့်မားရေး အတွက် လိုအပ် သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်

မြိတ် ပြန်ဆက်

0 comments: