Sunday, February 16, 2014

မြိတ်မြို့၊ ကျက်သရေဆောင်လေးကျွန်းဆီမီးစေတီတော်ကြီးတွင် (၁၃)ကြိမ်မြောက် ပရိယတ္တိသာသနပါလ စာမေးပွဲ ကျင်းပပြုလုပ်


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ လေးကျွန်းဆီမီးစေတီတော်ကြီး၏ သြ၀ါဒါစရိယ ဆရာတော်ကြီးများ သြ၀ါဒဖြင့် စာမေးပွဲဦးဆောင် ဆရာတော်ကြီးများ ကြီးကြပ်ကာ ဘဏ္ဍာတော် ထိန်းဂေါပက အဖွဲ့မှ ကြီးမှူး ကျင်းပပြုလုပ်သည့် (၁၃)ကြိမ်မြောက် ပရိယတ္တိသာသနပါလ စာမေးပွဲကို ၁၃၇၅ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၁)ရက် ( ၁၅ - ၂ - ၂၀၁၄ )နေ့၊ နံနက် (၇း၀၀)နာရီ အချိန် စတင်၍ စေတီတော်ကြီးရှိ သာသနာ့ ဗိမာန်တော်တွင် ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
 

အဆိုပါ ပရိယတ္တိ သာသနပါလ စာမေးပွဲကို ၁၃၇၅ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၁)ရက်နေ့မှ (၇)ရက်       ( ၁၅ - ၂ - ၂၀၁၄ မှ ၂၁ - ၂ - ၂၀၁၄)နေ့ အထိ (၇)ရက် ကျင်းပပြုလုပ်မည်ဖြစ်ရာ မြိတ်ခရိုင် အတွင်းရှိ သံဃာတော် (၂၆၅)ပါးနှင့် သီလရှင် (၁၄)ပါးတို့မှ ဓမ္မာစရိယတန်း (၁၁)ပါး၊ ပထမကြီးတန်း (၂၃)ပါး၊ ပထမလတ်တန်း (၃၈)ပါး၊ ပထမငယ်တန်း (၈၅)ပါး၊ အခြေပြုမူလတန်း (အနုလောမတန်း) ၁၂၂ ပါး၊ စုစုပေါင်း (၂၇၉)ပါး ၀င်ရောက်ဖြေဆိုကြကြောင်း၊ စာမေးပွဲဖြေဆိုကြသည့် သံဃာတော်များ၊ သီလရှင်များ၊ စာမေးပွဲကြီးကြပ် ဆရာတော်များ၊ နာယက ဆရာတော်ကြီးများနှင့် စေတီတော် သြ၀ါဒါစရိယ ဆရာတော်ကြီးများ တို့အား အလှူရှင် များတို့မှ နေ့စဉ် မွန်းလွတ်ဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်း၊ အဖျော်ရည်များ၊ အလှူတော်ငွေများ၊ ကြို/ပို့မော်တော်ယာဉ်များ လှူဒါန်း ကုသိုလ်ပြုလျှက် ရှိကြောင်း သိရှိရသည်။

0 comments: