Tuesday, February 18, 2014

မြိတ်မြို့တွင် သက်သေခံ ပစ္စည်း စိန်ထည် ရွှေထည် ပစ္စည်းမျိုးစုံ ကျပ်သိန်း(၂၅၀)ဖိုး ခန့်အား (၅)ရက်အတွင်း အမှုဖော်ထုတ် နိုင်ခဲ့ပြီး ပိုင်ရှင်အား ပြန်လည် ပေးအပ်ပွဲ ကျင်းပ

မြိတ်ခရိုင်ရဲ တပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် မြိတ်မြို့နယ်ရဲတပ်ဖွဲ့ မြိတ်မြို့မ ရဲစခန်း(ပ) ၇၁/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ အမှုမှ သက်သေခံ ပစ္စည်း စိန်ထည် ရွှေထည် ပစ္စည်း မျိုးစုံ ကျပ်သိန်း (၂၅၀) ဖိုးခန့် အား (၅)ရက် အတွင်း အမှု ဖော်ထုတ်နိုင်ခဲ့ပြီး ပိုင်ရှင်အား ပြန်လည် ပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ (၁၈)ရက် နေ့လယ်(၂)နာရီက ကျင်းပသည်။


ရှေးဦးစွာ မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်က အဖွင့် အမှာစကားနှင့် အမှုဖော်ထုတ် နိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းစွမ်း တမံဆောင်ရွက်နိုင်မှု အခြေအနေအား ရှင်းလင်းပြောကြားသည်။ ထိုနောက် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးက ပစ္စည်းပိုင်ရှင် ဒေါ်ရှုစိန်(မြိတ်-ရွှေနန်းတော် မုန့်တိုက်)အား သက်သေခံ ပစ္စည်း များအား ပြန်လည် ပေးအပ် ခဲ့သည်။

ဆက်လက်၍ ပစ္စည်းပိုင်ရှင် ဒေါ်ရှုစိန်(မြိတ်-ရွှေနန်းတော်မုန့်တိုက်)မှ ကျေးဇူးတင် ၀မ်းမြောက် စကား ပြောကြားသည်။ အခမ်းအနားသို့ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပစ္စည်းပိုင်ရှင် မိသားစုဝင် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြိတ် ပြန်/ဆက်

0 comments: