Wednesday, February 5, 2014

နှစ်စဉ် ရေကြီးမှုကြောင့် ပြည်သူများ၏ အသက် အိုးအိမ်များ ပျက်စီးမှုမှ ကာကွယ်နိုင်ရေး အတွက် တနင်္သာရီမြို့၌ ရေထိန်းတမံ တည်ဆောက်မည်




မြိတ်ခရိုင် တနင်္သာရီမြို့သည် သမိုင်းဝင်မြို့ တစ်မြို့ဖြစ်ပြီး နှစ်စဉ် မိုးရာသီတွင် တနင်္သာရီမြစ် ရေမြင့် တက်မှုကြောင့် မြို့တွင်းသို့ မြစ်ရေ ၀င်ရောက်ပြီး လူနေအိမ်များ ရေလွမ်းမိုးခြင်း ခံရသောမြို့ဖြစ်သည်။ ယခုအခါ  အဆိုပါ ရေလွမ်းမိုးမှုကြောင့်  မြို့နေပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်များ ပျက်စီးခြင်းမှ ကာကွယ် နိုင်ရေးနှင့် ကျောင်းနေ အရွယ်ကလေးများ စာသင်ကြားရေး အဆက်မပြတ် စေရေးတို့ အတွက် ရေထိန်းတမံများ တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ()ရက် ညနေ()နာရီက တနင်္သာရီ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲကို တနင်္သာရီမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။


ရှေးဦးစွာ တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုမှ ရေကာတာ တည်ဆောက်မည့် အစီအစဉ်နှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များတွင် ဒေသခံ ပြည်သူများ အနေဖြင့် ပွင့်လင်းစွာ ဆွေးနွေး တင်ပြရန် အမှာစကား ပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး ဆည်မြောင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ရွှေက မြို့ရေထိန်းတမံ တည်ဆောက်ရေးနှင့် ရေထိန်းတခါးများ ထားရှိမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ တက်ရောက် လာသော ဒေသခံပြည်သူ များမှ မေးမြန်း ဆွေးနွေးမှု များကို ပြန်လည် ဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
 
ထိုနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး ၀န်ကြီးများ၊ မြို့မိမြို့ဖများမှ တမံ()ခုနှင့် ရေထိမ်းတံခါး()ခု တည်ဆောက်မည့် နေရာများနှင့် လုပ်ငန်းဆောင်ရွက်နေမှု များအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်း အမြန် စတင်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

မြိတ် ပြန်ဆက်

0 comments: