Tuesday, February 18, 2014

တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် (၁၅)ကြိမ်မြောက် နှစ်ပတ်လည် အစည်း အဝေးနှင့် ၂၀၁၄-၂၀၁၆ ဆဌမသက်တမ်း အတွက် အလုပ်အမှုဆောင် အသစ် ရွေးချယ် တင်မြောက်ပွဲ ကျင်းပ



တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် (၁၅)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် ၂၀၁၄ -၂၀၁၆ ဆဌမ သက်တမ်း အတွက် အလုပ်အမှုဆောင် အသစ် ရွေးချယ် တင်မြောက်ပွဲကို ဖေဖော်ဝါရီလ (၁၇)ရက် နံနက်(၈)နာရီက မြိတ်မြို့ ပုလဲရတနာ ခန်းမတွင် ကျင်းပရာ တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် အမှုဆောင်များနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။


ရှေးဦးစွာ တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားရာတွင် တနင်္သာရီ ကမ်းရိုးတန်း ဒေသကြီးသည် ငါးသယံဇာတ ပေါများကြွယ်ဝတဲ့တိုင်း ဖြစ်ပြီး တိုင်းဒေသကြီး အတွင်း ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ အအေးခန်းစက်ရုံများ၊ ငါးမှုန့်စက်ရုံများ၊ သင်္ဘော ဒေါက်ကျင်း များဖြင့် ရေလုပ်ငန်း ကဏ္ဍသည် တိုင်းဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြီးမားသော လုပ်ငန်းနယ်ပယ်ကြီး တစ်ရပ် ဖြစ်ကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးသည် ရေထွက်ပစ္စည်း အဓိက ထုတ်လုပ် တင်ပို့နေတဲ့ တိုင်းဒေသကြီး ဖြစ်ကြောင်း၊ နှစ်စဉ် တိုးတက် အကောင်အထည် ဖော်ရတဲ့ သားငါးကဏ္ဍ GDP ရည်မှန်းချက်များ ပြည့်မီကျော် လွန်ရေး၊ နှစ်စဉ် ပို့ကုန်တန်ဖိုး တိုးမြင့်ဆောင်ရွက်ရေးတို့ အတွက် ပင်လယ်ပြင် ငါးသယံဇာတ မျိုးမပြုန်းစေဘဲ ကမ်းနီး(၁၀)မိုင် အတွင်း ကန့်သတ် ဧရိယာ၊ ကန့်သတ်ဒေသ၊ ကန့်သတ်ရာသီ အတွင်း ငါးဖမ်းဆီးခြင်း မပြုရေး တို့ကို တာဝန်သိသိ သစ္စာရှိရှိဖြင့် လိုက်နာဆောင်ရွက်ကြဖို့ လိုကြောင်း၊ ငါးသယံဇာတ တိုးပွားရေး အတွက် ငါး/ ပုဇွန် သားပေါက်များ မျိုးစိုက်ထည့်ခြင်း၊ သယံဇာတ ထိမ်းသိမ်း စောင့်ရှောက်ခြင်း များကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် နေကြသလို ရေရှည်တည်တံ့တဲ့ ငါးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် သတ်မှတ် ပြဌာန်းထားတဲ့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်တွေနဲ့ အညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ ကိုယ်စား အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်မှ အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ ဦးလှသန်း က အဖွဲ့ချုပ်၏ လုပ်ငန်းဆောင် ရွက်ချက်များ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်အတွင်းရေးမှူး ဦးသက်စိုး မှ တိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်နှစ်ပတ် လည် အစည်းအဝေးသို့  တင်သွင်းသည့် အစီရင်ခံစာနှင့် ငွေစာရင်း ရှင်းတမ်းများ ဖတ်ကြား တင်သွင်းသည်။

ထိုနောက် တိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံ စာနှင့် ငွေစာရင်း ရှင်းတမ်းများအား တိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် အဖွဲ့ဝင်များထံ အတည်ပြုချက် ရယူခြင်း၊ ပဉ္စမ(၃)နှစ် သက်တမ်း တာဝန် ထမ်းဆောင်ခဲ့ကြသော အလုပ် အမှုဆောင်များ နုတ်ထွက်ခြင်း များ ဆောာင်ရွက် ခဲ့ကြသည်။ ဆက်လက်၍ ၂၀၁၄-၂၀၁၆ခုနှစ် ဆဌမ သက်တမ်း (၃)နှစ် ကာလ အတွက် အမှုဆောင် အသစ် များ အား မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အတွင်းရေးမှူး (၁) ဒေါက်တာ ကျော်ထွန်းမြင့်မှ အတည်ပြု ကြေညာပေး သည်။

ယင်းနောက် ရွေးချယ် တင်မြောက်ခံရသော တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ ကိုယ်စား ဒုတိယဥက္ကဌ ဦးကျော်ကျော်မှ ကြိုဆို နုတ်ခွန်း ဆက်စကား ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသ ကြီး ၀န်ကြီးချုပ်မှ နိဂုံးချုပ် စကားပြောကြား၍ အခမ်းအနားရုပ်သိမ်း လိုက်သည်။ အခမ်းအနား အပြီးတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်သည် တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့အား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်ခဲ့ကြောင်း သတင်းရ ရှိသည်။


မြိတ် ပြန်ဆက်

0 comments: