Tuesday, February 18, 2014

မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲ ကျင်းပ

၂၀၁၃-၂၀၁၄ ပညာသင်နှစ် မြိတ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပြေးခုန် ပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၁၈)ရက် နံနက်(၇)နာရီက မြိတ်မြို့ မြို့မအားကစားကွင်းတွင် ကျင်းပရာ ရှေးဦးစွာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး က အဖွင့်အမှာစကား ပြောကြားသည်။


ယင်းနောက် မြိတ်တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် မြိတ်တက္ကသိုလ် အားကစားနှင့် ကာယပညာ ကော် မတီ နာယက ဒေါက်တာ စီစီလှဘူး က ပြိုင်ပွဲဝင် မောင်မယ်များအား နုတ်ခွန်းဆက် စကားပြောကြားပြီး ပြိုင်ပွဲဝင် မောင်မယ်များက အားကစားသစ္စာ အဓိဌာန်ရွတ်ဆို၍ ပြိုင်ပွဲ စတင်ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲကို မြိတ်တက္ကသိုလ် ဘာသာရပ် ပေါင်းစုံမှ ပြေးခုန်ပစ် အားကစား သမားများ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ပြိုင်ပွဲအား ဌာနဆိုင်ရာများ၊ မြိတ်တက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ အားကစား ၀ါသနာရှင်များ ကြည့်ရှုအား ပေးခဲ့ကြကြောင်း သတင်း  ရရှိသည်။

0 comments: