Saturday, February 15, 2014

တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး သင်တန်း ဆင်းပွဲ ကျင်းပ တနင်္သာရီိတိုင်းဒေသကြီး ၀န်ကြီးချုပ် တက်ရောက် အမှာစကား ပြောကြား

၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့မှ (၁၃) ရက်နေ့အထိ ရက်သတ္တ (၂)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ  မြို့နယ် အသီးသီးမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၆၉) ဦး တက်ရောက်ကာ သင်တန်း နည်းပြများ အဖြစ် ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှ သင်တန်း နည်းပြများက ပို့ချသည့် တနင်္သာရီ တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူး ဖွင့်လှစ်သော ရေရှည်ဖွံ့ဖြိုး တိုးတက်သော လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး သင်တန်း ဆင်းပွဲ အခမ်းအနားကို ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ညနေ (၃)နာရီ အချိန်က မြိတ်မြို့ ချောင်းကူးငယ် ရပ်ကွက်ရှိ တနင်္သာရီ တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည်။




အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တနင်္သာရီ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးမြတ်ကိုနှင့် ပါတီကော်မတီ ၀င်များ၊ တနင်္သာရီ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဒေါက်တာကျော်ဆန်း၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးတင်စိုး၊ မြိတ်ခရိုင် အတွင်းရှိ ခရိုင်နှင့် မြို့နယ် အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ ၊ ရက်ကွက်နှင့် ကျေးရွာ စည်းရုံးရေးမှူးအား စုစုပေါင်း အင်အား (၁၂၀) ဦးတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တနင်္သာရီ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို တက်ရောက် အမှာစကား ပြောကြားသည်။ ထိုနောက် သင်တန်း ထူးချွန်ဆုများဖြစ်သည့် အကောင်းဆုံး သင်တန်းသားဆု၊ လူထုဟောပြောနည်း ထူးချွန်ဆု၊ အကောင်းဆုံး အစုအဖွဲ့ဆုနှင့် သင်တန်းဆင်းလက်မှတ်များအား တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးမြတ်ကိုက ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို သင်တန်းတွင် ပြည်သူ့ရေးရာ မူဝါဒ၊ ခေါင်းဆောင်မှုပညာ၊ အုပ်ချုပ်မှု စနစ်အမျိုးမျိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လူထု စကားပြောနည်း၊ အာဆီယံ၊ နိုင်ငံရေး ဘောဂဗေဒ၊ လူမှုဆက်ဆံရေး၊ စည်းရုံးရေး၊ စီမံခန့်ခွဲရေး၊ သတင်းနှင့် မီဒီယာ ဘာသာရပ်များအား ဆွေးနွေးပို့ချ ခဲ့ကြောင်း သိရသည်။

0 comments: